Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ မီးဘေး၊ လေပြင်းဘေး၊ မြေငလျင်ဘေးနှင့် ပတ်သက်၍ အထူးလိုက်နာဆောင်ရွက်ရန်သတိပေးသင့်သည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကလေးဝမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၂၇-၃-၂၀၁၇) ရက်နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကလေးဝမြို့နယ် အတွင်း (၂၅-၃-၂၀၁၇) ရက်နေ့လေပြင်းတိုက်ခတ်မူကြောင့် အမိုးလန်ပျက်စီးခဲ့သော ရပ်ကွက်ကျေးရွာ (၂၂) ခု အိမ်ထောင်စု (၄၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးတို့ကို ကလေးဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်လွှဲပြောင်းထောက် ပံ့ခဲ့ကြောင်း သိရှိရပါသည်။Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့၊ ပွဲစားဂုံညှင်းတန်းကျေးရွာ၌ (၂၄-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁၉) စုမှ လူဦးရေ (၅၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ လူတစ်ဦးလျှင် ဆန် (၂) ဗူးနှုန်းဖြင့် (၇) ရက်စာ (၄) အိတ် (၂) ပြည်နှင့် အိမ်ထောင်စု (၁) စုလျှင် ငါးသေတ္တာ (၃) ဗူး၊ ဆီ (၅၀) သား (၁) ဗူး၊ … Read more
-
ကလေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့ ကယ်ဆယ် ရေးပစ္စည်းများ လွှဲပြောင်းထောက်ပံ့ပေးမှုသတင်း
(၂၇-၃-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကလေးခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်ဦးစီးမှူးရုံးခန်း၌ စော်ဘွားရေရှင်ကျေးရွာအုပ်စု၏ အမိုးလန်လူနေအိမ် (၁၃) လုံးအတွက် အိမ်ထောင်စု (၁၃) စုစာ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးု၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးထံသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၃-၂၀၁၇)ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေရပ်ကွက်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ စုစုပေါင်း (၁၀၈) ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်တွင် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
(၂၆-၃-၂၀၁၆)စစ်တွေမြို့ ‘‘ရခိုင်ပြည်နယ်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးသည် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်း ရေးရရှိရန်အြခေခံအချက်ဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့လိုအပ်ချက်များ ဖြည့်ဆည်းနိုင် ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေး ခြင်းမှသည် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ရှေ့ရှုဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများအကောင်အထည်ဖေါ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖေါ်ဆောင်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်စေရေးဖေါ်ဆောင်လျက်ရှိရာဥပဒေနှင့် အညီပွင့်လင်း မြင်သာ စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ဥပဒေမူဝါဒများနှင့်အညီ အသက် (၉၀) နှစ် နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းမှမွေးဖွားသော ကလေး(၂) နှစ်နှစ် ပြည့်သည်အထိ … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၃-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ ယမ်းခမ်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကလေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံသို့ ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်း ထောက်ပံ့ပေးမှုသတင်း
(၂၇-၃-၂၀၁၇) ရက်နေ့၊ (၁၁:ဝ၀)နာရီတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကလေးခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်ဦးစီးမှူးရုံးခန်း၌ အမိုးလန်ကျေး ရွာများဖြစ်သော ကျောင်းတိုက်ကျေးရွာရှိ အိမ်ထောင်စု (၃) စုစာ ကယ်ဆယ်ရေးပစ္စည်း ( ၅) မျိုးု၊ နတ်ကြီးကုန်း( ပျဉ်း) ကျေးရွာရှိ အိမ်ထောင်စု (၃၆) စုစာ ကယ်ဆယ်ရေးပစ္စည်း ( ၅) မျိုးု၊ ထောက်ကြန့်ကျေးရွာရှိ အိမ်ထောင်စု (၁၅) စုစာ ကယ်ဆယ်ရေးပစ္စည်း ( ၅) မျိုးုနှင့် ပျဉ်းတောဦးကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၂၉) စုစာအတွက် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၇) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လေဘေး၊ ရေဘေး၊ ငလျင်ဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းနှင့် လေဘေးကြိုတင်ပြင်ဆင်ရေးအတွက် ပြည်သူသို့ ပန်ကြားချက် စာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
နယ်မြေလုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့လာသော အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့၊ မြို့မရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဇောတိရှမ်းကျောင်း ဇရပ်တွင် (၁၇- ၃- ၂၀၁၇) နေ့မှ (၂၄- ၃- ၂၀၁၇)နေ့အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန်တုံမြို့နယ်၊ နန့်ဟိုင်းကျေးရွာအုပ်စု၊ မှော်နေကျေးရွာမှ နယ်မြေလုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၁၉) စုမှ လူကြီး(၄၂)ဦး၊ ကလေး(၁၈)ဦး၊ စုစုပေါင်း (၆၀)ဦးအတွက် ထောက်ပံ့ပစ္စည်း (၉) မျိုး၊ (၁၉)အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၄,၀၀၀)ကျပ်တို့အား (၂၄- ၃- ၂၀၁၇) … Read more









