Category Archives: News
-
ရုံးသစ်ဖွင့်လှစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင် ဦးစီးမှူးရုံးသစ်ဖွင့်လှစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်း အနားကိုကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ဆက်လက်၌ အစီအစဉ်အရ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်း မှတ်တမ်း Video များပြသခဲ့ပြီး တက်ရောက် လာသူများက သင်တန်းသား/သင်တန်းသူများအတွက် ထုတ်ပေးသည့် သင်တန်းအထောက်အကူ ပစ္စည်းများ … Read more
-
ကျောက်မဲမြို့နယ်၊ ညောင်မောင်းကျေးရွာ တိုက််ပွဲဖြစ်စဉ်များကြောင် ့ပျက်စီးခဲ့သောဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် လူနေအိမ် (၁၉) လုံးအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
ကျောက်မဲမြို့နယ်၊ ညောင်မောင်းကျေးရွာ တိုက််ပွဲဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သော ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် လူနေအိမ် (၁၉) လုံးအတွက် (၁၁) လိုင်းပါ (၇) ပေ အမိုးသွပ် (၃၀၀) ချပ်အား ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၂၈-၃-၂၀၁၇) ရက်နေ့တွင် ညောင်မောင်းကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့မှုများလွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံပြည်သူများအား ပွင့်လင်းရာသီအတွင်း ရာသီအလိုက်ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် လေဘေးကြိုတင်ပြင်ဆင်ရေးကိစ္စများအား အလေးထားဆွေးနွေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးချက် များပါဝင်သည့် DAN mobile Application နှင့်သဘာဝဘေးကြုံတွေ့ပါက ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူနိုင်သည့် Kobo Collect Application Mobile အကြောင်းများ ရှင်းလင်းဆွေနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းခန်းမတွင် သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခြင်း၊ ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)တာဝန်ရှိသူတစ်ဦးမှ သဘာဝဘေးဆောင်ရန်/ရှောင်ရန်အချက်များ၊ သိကောင်းစရာများအား ဆွေးနွေး ခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်း ပြောကြားခြင်း၊ ယာဉ်ထိန်းရဲမှ ယာဉ်အန္တရာယ်အကြောင်း ပြောကြားခြင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့တို့မှ သိကောင်းစရာများပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကော့သောင်းမြို့နယ်၊ အေးရပ်ငြိမ်ရပ်ကွက်၊ ကုန်တင်ကုန်ချရုံး၌ “သဘာဝဘေးအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း
ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိ်သူများသည် (၂၆-၃-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ အေးရပ်ငြိမ်ရပ်ကွက်၊ ကုန်တင်ကုန်ချရုံး၌ “သဘာဝဘေးအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ရာ အဆိုပါရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တက်ရောက်သူ (၈၀) ဦးခန့်ရှိကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအား ပြုပြင်ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၇) ရက်နေ့တွင် မုံရွာမြို့နယ်၊ သစ်ဆိမ့်ကျေးရွာရှိ ခိုင်ခ့ံမှုမရှိသည့် နေအိမ်များအား လေဘေးကြိုတင်ကာကွယ်ရေးအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဓမ္မပါလလူမှုရေးအသင်း၊ သစ်ဆိမ့်ရွာရှိ ဒေသခံလူမှုရေးအသင်းများ၊ ဒေသခံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်တွင် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
(၂၆-၃-၂၀၁၆) စစ်တွေမြို့ ‘‘ရခိုင်ပြည်နယ်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးသည် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရန်အခြေခံအချက်ဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးခြင်းမှသည် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ရှေ့ရှုဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်စေရေး ဖော်ဆောင်လျက်ရှိရာ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာ စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ ဥပဒေမူဝါဒများနှင့်အညီ အသက် (၉၀) နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းမှမွေးဖွားသော ကလေး (၂) ပြည့်သည်အထိ တိုက်ရိုက်ငွေကြေးထောက်ပံ့မှုစနစ်များကို (၂၀၁၇-၂၀၁၈) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံး မှတာဝန် ရှိသူများသည် ၂၅-၃-၂၀၁ရနေ့ ဝဝး၃၀ အချိန်၌ မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ရေပေါ်ကျွန်းကျးရွာတွင် မီးဘေးသင့်ခဲ့သည့် အိမ်ခြေ(၂)လုံးအိမ်ထောင် စု (၂)စု လူဦးရေ(၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/)ဆန် ရိက္ခာဖိုး (၇၂၀၀ိ/)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးအားအဆိုပါ ကျေးရွာသို့ ၂၆- ၃-၂၀၁၇ ရက်နေ့တွင် သွားရောက် ထောက်ပ့ံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် UN Habitat အဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအား (၂၈-၃-၂၀၁၇) ရက်နေ့မှ (၁-၄-၂၀၁၇) ရက်နေ့အထိ ဘားအံမြို့နယ်အထွေထွေအုပ်ချုပ်ရေးသင်တန်းခန်းမတွင် သင်တန်းကာလလ (၅) ရက်ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူ ဦးရေ (၃၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဆင်ပေါင်ဝဲမြို့နယ်၊ စစ္စေးချောင်းကျေးရွာတွင် (၁၈-၃-၂၀၁၇) ရက်နေ့၌ဖြစ်ပွားခဲ့သော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့််ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၃-၂၀၁၇) ရက်နေ့၌ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ စစ္စေးချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးအတွက် မီးဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၁၇၁၀၀ိ/-)ကျပ်အား (၂၆-၃-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









