Category Archives: News
-
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ရေမျော (၁၂) ဦးအား ခရီးစရိတ်ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၀-၃-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ရေမျော (၁၂) ဦးအား ခရီးစရိတ် (၁) ယောက်လျင် ကျပ် (၁၀,၀၀၀) နှုန်းဖြင့် (၁၂) ဦးအတွက် (၁၂၀,၀၀၀) ကျပ် ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရှိရပါသည်။ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာအုပ်စု၊ ဟံသာဝတီကျေးရွာနှင့် ကုက္ကားကျေးရွာ၊ လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီးအရှေ့ကျေးရွာ၊ နှမ်းခါး ကျေးရွာအုပ်စု၊ နှမ်းခါးကျေးရွာ စသည့် ကျေးရွာ (၄) တို့၌ (၂၅-၃-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ထောင်စု(၃၅) စု၊ ဘေးသင့်လူဦးရေ (၁၄၄) ဦးအား အိမ်ဆောက် ပစ္စည်းဖိုး (၇၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး(၁၂၉,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၃၁-၃-၂၀၁၇) ရက်နေ့တွင် ဂန့်ဂေါမြို့နယ် … Read more
-
ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေး အမျိုးသားအဆင့်မူဘောင်စာအုပ် မိတ်ဆက်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား မှုသတင်း
နေပြည်တော်၊ ၃၁-၃-၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သဘာဝဘေးဒဏ် ခံစားရသော ပြည်သူလူထုအတွက် ကောင်းမွန်သော လူနေမှုဘဝပြန်လည်ရရှိစေရေးနှင့် ဘေးဒဏ် ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်စေရေး မူဝါဒများချမှတ်ပြီး ပြည်သူကို ဗဟိုပြုသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါ သည်။ ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေး အမျိုးသားအဆင့် မူဘောင် စာအုပ် မိတ်ဆက်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ပြီး အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို … Read more
-
ဘားအံမြို့နယ်၊ ကော့ရင်းအထက်ကျေးရွာ ဘုန်းကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၃-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ ကော့ရင်းအထက်ကျေးရွာ ဘုန်းကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အသိပညာပေးမှုများ နှင့်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်
နေပြည်တော် မတ် ၃၀ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နို်င်ရေး နှင့် မိုးကြိုနှင့် မိုးရာသီကာလများတွင် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးများအတွက် ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ရန် ယခုကဲ့သို့ အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ က ပြောကြားသည်။ ယနေ့နံနက် ၉ နာရီခွဲတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၌ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော် မတီ အစည်းအဝေး(၁/၂၀၁၇)တွင် ဒုတိယသမ္မတ က ထိုသို့ပြောကြားခြင်းဖြစ်သည်။ ဆက်လက်၍ ဒုတိယသမ္မတ က သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသည့် အတွေ့အကြုံများ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိ သူများသည် (၃၀- ၃ -၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အောင်သာယာကျေးရွာနှင့် အေးသာယာ ကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများအကြောင်းနှင့် ဘေးမဖြစ်မီ/ ဘေးဖြစ်စဉ်/ ဘေးဖြစ်ပြီးအခြေအနေများတွင် ဆောင်ရန်/ ရှောင်ရန်များအား ဆွေးနွေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ လူဦးရေစုစုပေါင်း (၁၅၀) ခန့် တက်ရောက်ခဲ့ကာ တက် ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှပေးခဲ့ပြီး နံရံကပ်ပိုစတာများပေးအပ်ခဲ့ ကြောင်းသိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ) မှ တာဝန် ရှိသူများသည် (၂၉-၃-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဖျာပုံတမံကျေးရွာနှင့် အပြောင်တမံ ကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ လူဦးရေစုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက်ခဲ့ကာတက်ရောက် လာသူများအား လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကာ နံရံကပ်ပိုစတာများပေးအပ်ခဲ့ကြောင်းသိရှိ ရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား မှုသတင်း
နေပြည်တော်၊ ၃၀-၃-၂၀၁၇ ပြည်သူ့အစိုးရသစ်အနေဖြင့် ပြည်သူများလွတ်လပ် လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးကိုရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို သဘာဝဘေးနှင့် ပဋိပက္ခများကြောင့် ဖြစ် သော ဘေးအန္တရာယ်များကလည်း အဟန့်အတားဖြစ်စေသည့်အတွက် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုဦးစားပေးဆောင်ရွက်ဖို့ လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ရက် (၁၀၀) စီမံချက်အလွန်တွင် ပြည်သူအကျိုး ပိုမိုထိရောက် စွာဆောင်ရွက်နိုင်ရန်နည်းလမ်းများကို ဖော်ထုတ်ခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍လည်း သဘာဝဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ (၁၂) ရပ်ကိုဖွဲ့စည်းပြီး ပိုမိုကောင်းမွန်သောစီမံခန့်ခွဲမှုစနစ်များကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သဘာဝဘေးကြိုတင် … Read more









