Category Archives: News
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်များအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း၌ လေဘေးသင့်အိမ်ခြေ (၃၅) အိမ်အတွက် လိုအပ်သော သွပ်အချပ်ရေ (၂၄၅) ချပ်အား သွပ်ချပ် (၁) ချပ်လျှင် (၂,၄၀၀) နှုန်းဖြင့် (၅၈၈,၀၀၀) ကျပ်နှင့် နေအိမ် (၉) လုံးအတွက် (၁၀,၀၀၀) နှုန်းဖြင့် (၉၀,၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၆၇၈,၀၀၀) ကျပ်တို့အား (၆-၄-၂၀၁၇) ရက်နေ့တွင် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာ၌ (၄-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား (၆-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာ၌ (၂၆-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား (၆-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သံတောင်ကျေးရွာ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သံတောင်ကျေးရွာ၌ (၃-၄-၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတောင်ကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးစီကို (၆-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လယ်ဝေးမြို့၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာသို့ သောက်သုံးရေများ သွားရောက်ပေးဝေမှုသတင်း
(၆-၄-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လယ်ဝေးမြို့၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာသို့ သွားရောက်ကာ သောက်သုံးရေဂါလံ (၉၀၀) အား ပေးဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့၊ မြင်သာရပ်၊ ၂၉ လမ်း နှင့် သစ္စာလမ်းထောင့်ရှိ ရွှေမြတ်မင်းသမီးအအေးခန်းစာသောက်ဆိုင် မီးလောင်မှုကြောင့် ထောက်ပံ့ရန်ကျန်ရှိသူ (၃) ဦးအနက် သေဆုံးသူ မခေါထန်း(ခ)မပန်းရောင်နှင့် မမြသီတာ(ခ)အမုန်း (၂)ဦးတို့၏ ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
မကွေးတိုင်းတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေးမြို့၊ မြင်သာရပ်၊ ၂၉ လမ်း နှင့် သစ္စာလမ်းထောင့် ရွှေမြတ်မင်းသမီးအအေးခန်းစာသောက်ဆိုင်၌ (၂.၄.၂၀၁၇) ရက်နေ့(၂၂:ဝ၄) အချိန်တွင် မီးလောင်မှုကြောင့် ထောက်ပံ့ရန်ကျန်ရှိသူ (၃) ဦးအနက် သေဆုံးသူ မခေါထန်း(ခ)မပန်းရောင်နှင့် မမြသီတာ(ခ)အမုန်း (၂)ဦးတို့၏ ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ငွေ (၆၀၀၀၀၀) ကျပ်အား (၅.၄.၂၀၁၇)ရက်နေ့တွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးစီးမှူးရုံး(ကဆရ)၊ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာ၊ ပျဉ်ထောင်ကြီးကျေးရွာ၊ အလယ်ကျွန်းကျေးရွာတို့တွင် (၃-၄-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်ထောင်လေးကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စု (၄)စု၊ ပျဉ်ထောင်ကြီးကျေးရွာရှိ အိမ်ထောင်စု (၄)စုနှင့် အလယ်ကျွန်းကျေးရွာရှိ အိမ်ထောင်စု(၂)စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးစီကို (၆-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်များအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၌ (၂-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်ခြေ (၁၉) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၉) အိမ်ထောင်စာ၊ လိုအပ်သော သွပ်အချပ်ရေ (၁၂၅) ချပ်အား သွပ်ချပ် (၁) ချပ်လျှင် (၂,၄၀၀) နှုန်းဖြင့် (၃၀၀,၀၀၀) ကျပ်နှင့် သက္ကယ်မိုးနေအိမ် (၂) … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်များအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၌ (၂-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်ခြေ (၇၆) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၇၆) အိမ်ထောင်စာ၊ လိုအပ်သော သွပ်အချပ်ရေ (၄၅၀) မှ သွပ်အချပ်ရေ (၃၀၀) သာပါရှိသည့် အတွက် လိုအပ်ချက်ရှိသော သွပ်ချပ်ရေ (၁၅၀) အား သွပ်ချပ် … Read more
-
လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ (၅-၄-၂၀၁၇) ရက်နေ့၊ (၁၃း၃၀) အချိန်တွင် လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာရှိ ကျေးရွာနေပြည်သူ (၅၈) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများသို့ ပန်ကြားချက်စာရွက်များနှင့်နံရံကပ်ပိုစတာများ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)









