Category Archives: News
-
ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စု၊ ကျုံကန်ကျေးရွာ၌ ပြည်သူလူထုပူးပေါင်းပါဝင်သော ဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်သတိပေးစနစ်မွမ်းမံသင်တန်းဖွင်လှစ်မှုသတင်း
(၇-၄-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Action Aid Myanmar ဖျာပုံအဖွဲ့နှင့်ပူးပေါင်း၍ ပြည်သူလူထုပူးပေါင်းပါဝင်သော ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်မွမ်းမံသင်တန်းအား ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စု၊ ကျုံကန်ကျေးရွာ၌ သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင်လှစ်ပါသည်။ အဆိုပါသင်တန်း၌ ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်သရုပ်ပြလေ့ကျင့်ခြင်း၊ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ Table Top Exercise ပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဝေငှပေးခဲ့ပြီးနောက် DAN Mobile Application နှင့် KOBO Collect Mobile Application ဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ပဲခူးတိုင်းတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊နတ်ရေကန်ကျေးရွာပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊နတ်ရေကန်ကျေးရွာ၊အိမ်ထောင်စုရ၂၀၊လူဉီးရေ၃၄၉ဝအတွက်သောက်သုံးရေ၁၃ဝဝဂါလံသွားရောက်သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
အမ်းမြို့နယ်အတွင်လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၇)ရက်နေ့တွင် အမ်းမြို့နယ်မှာ လေပြင်းတိုက်ခတ်ခဲ့ပြီး သံဖြူမိုး၊ထရံကာ လေးပင်အိမ်(၃)လုံး အမိုးနှင့်အကာများပျက်စီးခဲ့ပြီးနေအိမ်(၂)လုံးပြိုလဲပျက်ဆီးခဲ့သောလေဘေးသင့် အိမ်ထောင်စုများ အတွက် အိမ်ဆောက်ပစ်စည်းဖိုး တစ်အိမ် (၁၀၀၀၀၀) နှုန်းဖြင့် (၅၀၀၀၀၀)၊ ကယ်ဆယ်ရေးပစ်စည်း အိမ်ထောင်စု (၅)စုစာ၊ ဆန်ဖိုး(၄၆၂၀၀)တို့ကို (၇-၄-၂၀၁၇) တွင်အမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာ သွားရောက် ထောက်ပ့ံပေးအပ်ခဲ့ေ ကြာင်းသိရှိ ပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သထုံမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မွန်ပြည်နယ် ၊သထုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့တွင် သထုံမြို့နယ် ဘင်လှိုင်ရပ်ကွက် ၊လမ်းမတန်း ၊ဂေါ့လမ်းထိပ်နေအိမ်တွင် ထမင်းပေါင်းအိုးဖြင့် ပိန္နဲစေ့ပြုတ်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင် (၁)စု လူဦးရေ(၂)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး အိမ်ဆောက်ပစ္စည်းနှင့် ဆန်ဘိုးငွေ(၂၀၄,၂၀၀ိ/-) တို့အား (၇-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိပါသည်။ Source: သထုံခရို်င်ဦးစီးမှူးရုံး (ကဆရ)
-
ရှေးဦးအရွယ်ကလေးသူငယ်ဘဝတွင် ရင်းနှီးမြှုပ်နှံမှုပြုခြင်း လုပ်ငန်းအစီအစဉ် မိတ်ဆက်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားမှုသတင်း
နေပြည်တော်၊ ၇.၄.၂၀၁၇ ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ (Early Childhood Intervention – ECI) လုပ်ငန်းအစီအစဉ် မိတ်ဆက်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ Lake Garden Hotel ၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ၊ UN၊ … Read more
-
ရေယာဉ်နစ်မြုပ်မှုကြောင့် ဘေးဒုက္ခခံစားရသော ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
နေပြည်တော်၊ ၈.၄.၂၀၁၇ (၇.၄.၂၀၁၇)ရက်နေ့၊ ည (၇)နာရီ (၂၀)မိနစ်ခန့်က ပုသိမ်မြို့ ဥမ္မာဒန္တီဆိပ်ခံ တံတားအနီးတွင် ငဝန်မြစ်အတွင်း ကျောက်တင်ရေယာဉ်နှင့် ခရီးသည်များ တင်ဆောင်လာ သော ငွေကြယ်ပွင့် စက်လှေတို့ တိုက်မိခဲ့ရာ ခရီးသည်တင် စက်လှေနစ်မြုပ်ခြင်း နှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးမှ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကနဦးထောက်ပံ့မှုအဖြစ် ဆေးရုံတက် လူနာများအား စောင်နှင့် အဝတ် အထည်များကိုညတွင်းချင်းထောက်ပံ့ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ … Read more
-
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ခုနှစ်၊ ဧပြီလ၊ ဒုတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်များ
ဧရာဝတီမြစ်ရေသည် ဧပြီလ ဒုတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၃-ပေမှ ၄-ပေခန့် ၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ပေဝက်မှ ၁-ပေခန့်နှင့် ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁-ပေမှ ၂-ပေခန့် မြင့်တက်လာနိုင်ပါသည်။ ချင်းတွင်းမြစ်ရေသည် ဧပြီလ ဒုတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့ တို့တွင် ၂-ပေမှ ၃-ပေခန့် မြင့်တက်လာနိုင်ပြီး ၊ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့၊ လော်ကမူရပ်ကွက် ဘုရားပေါ်ရပ်၌ (၇-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် ဓနိမိုး၊ ဝါးကာ၊ ဝါးခင်း နေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု (၁) စုမှ ကျား (၃) ဦး၊မ (၁) ဦး စုစုပေါင်း (၄) ဦး မီးဘေးသင့်ခဲ့ရပါသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် … Read more
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဆူးကောက်စမ်းကျေးရွာနေပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့တွင် မကွေတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဆူးကောက်စမ်းကျေးရွာရှိ အိမ်ထောင်စု (၃၆၂)၊ လူဦးရေ (၁၄၂၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၄၈၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









