နေပြည်တော်၊ ၇.၄.၂၀၁၇
ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ (Early Childhood Intervention – ECI) လုပ်ငန်းအစီအစဉ် မိတ်ဆက်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ Lake Garden Hotel ၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ၊ UN၊ INGO များနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာ တွင် ကလေးသူငယ်များအပေါ် ရင်းနှီးမြှပ်နှံခြင်းသည် နိုင်ငံတော်အနာဂါတ်အတွက် ရင်းနှီး မြှပ်နှံခြင်း ဖြစ်ကြောင်း၊ ကလေးသူငယ်များ အထူးသဖြင့် လေ့လာသင်ယူရန် ခက်ခဲသော ကလေးများ၊ မသန်စွမ်းမှုကို ခံစားရနိုင်ခြေမြင့်သော ကလေးများကို ငယ်ရွယ်စဉ်တွင် ဖော်ထုတ်သိရှိပြီး လိုအပ်သောဝန်ဆောင်မှုများ ပေးဖို့လိုအပ်ကြောင်း၊ ECI ရှေ့ပြေး စီမံကိန်းကို စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရှေ့ပြေးစတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး လွှမ်းခြုံနိုင် အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ECI လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ကလေးသူငယ် များ၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်ကောင်းမွန် စေခြင်းဖြင့် မသန်စွမ်းကလေး သူငယ်များ၏ အခွင့်အရေးများ ပြည့်မီစေပြီး အခြေခံ ဝန်ဆောင်မှုများလည်း လက်လှမ်းမီ ရရှိမှာ ဖြစ်ကြောင်း၊ ECI သည် ကလေးဗဟိုပြု မိသားစု အလေးထားသော ဝန်ဆောင်မှုဖြစ်သဖြင့် မိသားစုဝင်များ သိရှိနားလည်သဘော ပေါက်ပြီး ပါဝင်ဖို့လိုကြောင်း ပြောကြားပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပဋိပက္ခ ဖြေရှင်းဆောင်ရွက်ခြင်း ဆိုင်ရာ လူမှုရေးပညာရပ် ဆွေးနွေးပွဲသို့တက်ရောက်၍ ပြည်သူ့အစိုးရသစ်အနေဖြင့် ြပည်သူများလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မူဝါဒများချမှတ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေး၏အခြေခံသည် ပဋိပက္ခကို ဖြေရှင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး လူမှုရေးဆိုင်ရာပညာရပ်ဖြစ်သည့် Conflict Resolution သည် အဓိက ကျပါကြောင်း ြေပာကြားပါသည်။ ဆက်လက်၍ စင်္ကာပူနိုင်ငံ၊ Global Institute of Social Work မှ Professor Dr. Tan Ngoh Tiong က ပဋိပက္ခ ြေဖရှင်းဆောင်ရွက်ခြင်းဆိုင်ရာလူမှုရေးပညာရပ်ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ြပန်လည်ဖြေကြား ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ် သည့် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြင့်မားရေး လုပ်ငန်းအဖွဲ့၏ (၅)ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်အမှာစကားြေပာကြားရာတွင် ၂၀၁၆ခုနှစ်၊ နိုင်ဝင်ဘာလအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို အစိုးရသစ်၏ မူဝါဒများနှင့်အညီ ပြန်လည်ဖွဲ့ စည်းထားရှိပါကြောင်း၊ ယခုနှစ် မတ်လ အတွင်းက အမျိုးသမီးရက်သတ္တပတ် လှုပ်ရှားမှုနှင့်အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများ နေ့ကိုလည်း ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဦးစားပေးဆွေးနွေးခဲ့ပါကြောင်း၊ ဘေဂျင်းကြေငြာစာတမ်းပါ လုပ်ငန်းကဏ္ဍ (၁၂)ရပ် နှင့်အညီ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကိုလည်း ရေးဆွဲထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ အနက် ရည်မှန်းချက်(၅)ရပ် ဖြစ်သည့် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား စွမ်းပကားမြှင့်တင်ရေးရည်မှန်းချက်ကို ပြည့်မီအောင်နှင့် အမျိုးသမီးများ ဘဝလုံခြုံရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်ပါ ရည်မှန်းချက်ပြည့်မီရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြားခဲ့ ပါကြောင်း သတင်းရရှိပါသည်။