(၇-၄-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် Action Aid Myanmar ဖျာပုံအဖွဲ့နှင့်ပူးပေါင်း၍ ပြည်သူလူထုပူးပေါင်းပါဝင်သော ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်မွမ်းမံသင်တန်းအား ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စု၊ ကျုံကန်ကျေးရွာ၌ သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင်လှစ်ပါသည်။ အဆိုပါသင်တန်း၌ ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်သရုပ်ပြလေ့ကျင့်ခြင်း၊
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ Table Top Exercise ပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဝေငှပေးခဲ့ပြီးနောက် DAN Mobile Application နှင့် KOBO Collect Mobile Application ဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)