ရေယာဉ်နစ်မြုပ်မှုကြောင့် ဘေးဒုက္ခခံစားရသော ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

 

နေပြည်တော်၊ ၈.၄.၂၀၁၇

(၇.၄.၂၀၁၇)ရက်နေ့၊ ည (၇)နာရီ (၂၀)မိနစ်ခန့်က ပုသိမ်မြို့ ဥမ္မာဒန္တီဆိပ်ခံ တံတားအနီးတွင် ငဝန်မြစ်အတွင်း ကျောက်တင်ရေယာဉ်နှင့် ခရီးသည်များ တင်ဆောင်လာ သော ငွေကြယ်ပွင့် စက်လှေတို့ တိုက်မိခဲ့ရာ ခရီးသည်တင် စက်လှေနစ်မြုပ်ခြင်း နှင့်ပတ်သက်၍  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးမှ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကနဦးထောက်ပံ့မှုအဖြစ် ဆေးရုံတက် လူနာများအား စောင်နှင့် အဝတ် အထည်များကိုညတွင်းချင်းထောက်ပံ့ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။           အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီနှင့်အတူ ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ ြပည်သူ့ဆေးရုံကြီး သို့သွားရောက်ပြီး ရေယာဉ်နစ်မြုပ်မှုကြောင့် ဆေးရုံတက်ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသော လူနာများနှင့် သေဆုံးသူများ၏ မိသားစုဝင်များအား  နှစ်သိမ့်အားပေးစကား ‌ပြောကြားခဲ့ပါသည်။ ယင်းနောက် ဆေးရုံ တက်ရောက်သူ (၃၀)ဦးအတွက် ဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ကျပ်(၁၅)သိန်း ကို ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ကာယကံရှင်များလက်ဝယ်သို့ တိုက်ရိုက် ထောက်ပံ့ပေးအပ် ခဲ့ပြီး သေဆုံးသူ (၂၀)ဦးအတွက် ထောက်ပံ့ငွေကျပ်(၆၀)သိန်းကို တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်အချို့ကို အားပေး နှစ်သိမ့်မှုပြုလုပ်ခဲ့ပါသည်။ ကနဦးရရှိသည့် စာရင်းအရ ထောက်ပံ့ခြင်းြဖစ်ပြီး ထပ်တိုးစာရင်းများ ရရှိပါကလည်း ထပ်မံထောက်ပံ့ သွားမည် ဖြစ်ပါသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသည် ဆယ်‌‌‌မြောင်း ရိပ်သာအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး အတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသင့်ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဆွေးနွေးညှိနှိုင်းပါသည်။ ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စု ဝန်ကြီးက ယခင်နှစ် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့မှုများကို သင်ခန်းစာယူ၍ ယခုနှစ်တွင် ကြိုတင် ပြင်ဆင်မှုအပိုင်းကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍ ဘေးဒဏ် ခံနိုင်စွမ်းရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ရေး၊ အလျန်အမြန်တုံ့ပြန်ရေး၊ ပိုမိုကောင်းမွန်သော အ‌ြေခအနေတစ်ရပ် ပြန်လည်ရရှိရေးတို့ကို ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် သဘာဝဘေးကိုတုံ့ပြန်ရန် အစဉ်အမြဲအသင့် ဖြစ်နေရန် လိုအပ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပတ်သက်၍ ဆောင်ရွက်လိုသည်များ၊ အခက်အခဲများကို ဆွေးနွေးပေးရန် ြဖစ်ပါကြောင်း၊ ပြည်သူယုံကြည်မှုရရှိအောင် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ြပည်ထောင်စုနှင့် တိုင်းဒေသကြီးတို့ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း ဆွေးနွေး‌ြေပာကြားခဲ့ပြီး တက်ရောက်လာသူများက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသင့်ဖြစ်စေရေး ဆောင်ရွက် ထားရှိမှုများ၊ ဆောင်ရွက်လိုသည်များအား ရှင်းလင်း ဆွေးနွေးပါသည်။

ယင်းနောက် သာမန်အချိန်တွင် စာသင်ကျောင်းအဖြစ် အသုံးပြုနိုင်ပြီး ဘေးအန္တရာယ်ကျ ရောက်ပါက ခိုလှုံရာ အဆောက်အဦးအဖြစ် အသုံးပြုနိုင်ရန် ဖျာပုံမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင် ဆောက်လုပ်မည့် School Cum Shelter (၂)လုံး အတွက် အမျိိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် (၂၅၉.၁၆)သန်း နှင့် ဖျာပုံမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ဒေးဒရဲ မြို့နယ်တို့တွင် သောက်သုံးရေးဖူလုံစေရေးအတွက် သောက်သုံးရေကန်များ ဆောက်လုပ်ရန် ထောက်ပံ့ ငွေ ကျပ်(၂၂.၉၀)သန်းကို ြပည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: MSWRR

 

Sign Up

Upcoming Events