ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့၊ လော်ကမူရပ်ကွက် ဘုရားပေါ်ရပ်၌ (၇-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် ဓနိမိုး၊ ဝါးကာ၊ ဝါးခင်း နေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု (၁) စုမှ ကျား (၃) ဦး၊မ (၁) ဦး စုစုပေါင်း (၄) ဦး မီးဘေးသင့်ခဲ့ရပါသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀) ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀) ကျပ်တို့အား (၇-၄-၂၀၁၇) ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)