Category Archives: News
-
ပင်လုံမြို့ပေါ်ရပ်ကွက်များနှင့် ပင်းတယမြို့နယ်၊ ကြိမ်တောကျေးရွာနှင့် ရှောက်ပင်ကျေးရွာများသို့ သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးသောဒေသများသို့ သောက်သုံးရေများဖြန့်ဝေပေးလျက်ရှိရာ (၁၂-၄-၂၀၁၇) ရက်နေ့တွင် ပင်လုံမြို့ပေါ်ရပ်ကွက်များ၌ သောက်သုံးရေဂါလံ (၉၀၀၀)၊ ပင်းတယမြို့နယ်၊ ကြိမ်တောကျေးရွာ၌ သောက်သုံးရေဂါလံ (၄၄၀၀) နှင့် ပင်းတယမြို့နယ်၊ ရှောက်ပင်ကျေးရွာ၌ သောက်သုံးရေဂါလံ (၄၄၀၀) စုစုပေါင်း (၁၇၈၀၀) ဂါလံအား ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်အင်းတော်မြို့နယ်၊ သီဘာကျေးရွာနှင့် စကားပင်ကျေးရွာတို့၌ (၂-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၈,၀၀၀) ကျပ်တို့အား (၁၁-၄-၂၀၁၇) ရက်နေ့တွင် အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထီးချိုင်းမြို့နယ်၊ မြတောင်ကျေးရွာ၌ (၂၈-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃,၆၀၀) ကျပ်တို့အား (၁၁-၄-၂၀၁၇) ရက်နေ့၌ ထီးချိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုးကောင်းမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှု သတင်း
မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ကျွန်းပင်သာကျေးရွာအုပ်စု၊ စံပါရီကျေးရွာတွင် (၈-၄-၂၀၁၇) ရက်နေ့ (၁၃း၁၀) အချိန်တွင် ဆေးလိပ်မီးကြွင်းမီးကျန်မှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံး၊ ဘေးသင့်အိမ်ထောင်စု (၁) စု စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (ပလပ်စတစ်ပုံး အပါအဝင်)၊ အိမ်ဆောက်ပစ္စည်ဖိုး (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုး (၂,၁၀၀) ကျပ်တို့ကို မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးအား မိုးညှင်းခရိုင် ဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများက(၁၂-၄-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ကျေးလျားကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသည် ရွှေလွိုင်ကော်နှင့် Saving ပရဟိတလူမှုအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နွေရာသီသောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ကျေးလျားကျေးရွာသို့ (၁၂၀၀) ဂါလံဆန့် ရေသယ်ယာဉ်တစ်စီးစီ၊ စုစုပေါင်းရေသယ်ယာဉ် (၃) စီးကို (၁၁-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁၁-၄-၂၀၁၇) ရက်နေ့၊ (၁၂း၄၅) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် (၄) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၉) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် (၁၂-၄-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးတို့သည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထောင်စုစာ၊ Family Kit (၄) စုံနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀) ကျပ်၊ … Read more
-
မကွေးမြို့နယ်၊ ကြာကန်အုပ်စု၊ ညောင်ပင်သာကျေးရွာအတွင်း သောက်သုံးရေများ ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၁၇) ရက်နေ့၊ နံနက် (၉းဝ၀) နာရီတွင် မကွေးမြို့နယ်၊ ကြာကန်အုပ်စု၊ ညောင်ပင်သာကျေးရွာရှိ ညောင်ပင်ချောင် တဲတိုက်၊ အုန်းပင်ချောင် တဲတိုက်၊ ကန်နှစ်ဆင့် တဲတိုက်တို့ရှိ ပြည်သူများအတွက် သောက်သုံးရေဂါလံ (၇၂၀၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပခုက္ကူခရိုင်၊ ကမ္မမြို့ရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ် (၃) ရပ်ကွက်တွင် (၁၂-၄-၂၀၁၇) ရက်နေ့ နံနက် (၀၄း၁၅) အချိန်၌ မီးကြွင်းမီးကျန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၅) ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၅၀၀ိ/) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၁၂-၄-၂၀၁၇) ရက်နေ့တွင် ကမ္မမြို့၊ အမှတ် (၃) ရပ်ကွက်၊ မီးဘေး သင့်ပြည်သူ၏ ခြံဝင်းအတွင်း၌မြို့အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ … Read more









