ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

13_pic01 13_pic02
(၁၁-၄-၂၀၁၇) ရက်နေ့၊ (၁၂း၄၅) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် (၄) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၉) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် (၁၂-၄-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးတို့သည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထောင်စုစာ၊ Family Kit (၄) စုံနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၃၉၉၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၈၃၉၉၀၀) ကျပ်တိတိအား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events