လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးသောဒေသများသို့ သောက်သုံးရေများဖြန့်ဝေပေးလျက်ရှိရာ (၁၂-၄-၂၀၁၇) ရက်နေ့တွင် ပင်လုံမြို့ပေါ်ရပ်ကွက်များ၌ သောက်သုံးရေဂါလံ (၉၀၀၀)၊ ပင်းတယမြို့နယ်၊ ကြိမ်တောကျေးရွာ၌ သောက်သုံးရေဂါလံ (၄၄၀၀) နှင့် ပင်းတယမြို့နယ်၊ ရှောက်ပင်ကျေးရွာ၌ သောက်သုံးရေဂါလံ (၄၄၀၀) စုစုပေါင်း (၁၇၈၀၀) ဂါလံအား ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)