Category Archives: News
-
ဧရာဝတီတိုင်းဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇) ရက်နေ့တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၉)ရပ်ကွက်၊ သီတာလမ်းနေ ဦးမောင်ရွှေနေအိမ်၌ မြေးဖြစ်သူ ဦးရဲလင်းခိုင်မှ နေအိမ်ခေါင်မိုးအား ပြုပြင်နေစဉ် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျခဲ့ပြီး အိမ်အတွင်းသို့ ဆက်သွယ် ထားသော ဝါယာကြိုးပြတ်ကျ ခဲ့ရာမှ အမျိုးသမီး (၂)ဦး ဓာတ်လိုက်မှုဖြစ်ပွား၍ သေဆုံးခဲ့သဖြင့် အဆိုပါသေဆုံးသူ(၂)ဦး၏ ကျန်ရစ်သူမိသားစုများထံသို့ (၁၇-၄-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ငွေ(၆)သိန်းတိတိအား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ” (Maarutha) အခြေအနေနှင့် မုန်တိုင်းဖြတ်သန်းစဉ်နှင့် ဖြတ်သန်းပြီးချိန်တွင် ဆောင်ရွက်သင့်သည်များကို အသိပေးနှိုးဆော်ခြင်း
– ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ (၁၉:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် ရခိုင်ကမ်းရိုးတန်းဒေသ သံတွဲမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး၊ အညိုရောင်အဆင့်ဟု သတ်မှတ်ပါကြောင်း၊ နောက် (၁၂) နာရီအတွင်းခန့်မှန်းချက်များအရ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် တဖြည်းဖြည်းအားလျော့သွားကာ ကုန်းတွင်းမုန်တိုင်ငယ်အဖြစ် ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းရပါကြောင်း၊ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်ဖြစ်ပေါ်နေစဉ် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၈)၊၂၀၁၇
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ********************************** (က) ယနေ့မြန်မာစံတော်ချိန် (၁၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်က လုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် ရခိုင်ကမ်းရိုးတန်းဒေသ သံတွဲမြို့အနီးမှ စတင်ဖြတ်ကျော်သင်ရောက်လျက်ရှိပြီး၊ အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။ နောက်(၁၂)နာရီအတွင်းခန့်မှန်းချက် ************************************ (က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် တဖြည်းဖြည်းအားလျော့သွားကာ ကုန်းတွင်းမုန်တိုင်ငယ်အဖြစ် ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက် *********************** (က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်ဖြစ်ေ်ပါ်နေစဉ် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ … Read more
-
ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ”(Maarutha) အခြေအနေနှင့် ကြိုတင်ပြင်ဆင်ရေးအသိပေးနှိုးဆော်ခြင်း
– ၂၀၁ရခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ” (Maarutha) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၇၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၈၂) မိုင်ခန့်နှင့် ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် (၁၁၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါကြောင်း၊ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံကမ်းခြေဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသဖြင့် … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၀၇)၊၂၀၁၇
#ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်က လုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဂွမြို့၏ အနောက်-အနောက် တောင်ဘက် (၇၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၈၂)မိုင်ခန့်နှင့် ကျောက်ဖြူမြို့ ၏ တောင်-အနောက်တောင်ဘက် (၁၁၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက် ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ (ခ) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံကမ်းခြေဒေသ၊ … Read more
-
ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ”(Maarutha) တုံ့ပြန်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ
– မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ် (၆)၊ ၂၀၁၇ အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “မာရသာ”(Maarutha)သည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ယနေ့မွန်းတည့်မှ နောက်(၁၂) နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်ပြီး ဖြတ်ကျော်ဝင်ရောက်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။ – မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိရာတွင်လည်း • မိုးလေဝသအခြေအနေများအရ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ရာသီဥတုဆိုးရွားချိန်တွင် … Read more
-
မကွေးတိုင်းဒေသကြီး၊ ကြာကန်ကျေးရွာအုပ်စု၊ ဗိုလ်တဲတဲတိုက်နေ ပြည်သူများအတွက် ရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဗိုလ်တဲတဲတိုက်မှ အိမ်ထောင် စု (၅၂) စု၊ လူဦးရေ (၃၅၀) ဦးတို့အတွက် သောက်သုံးရေ (၉၃၀၀) ဂါလံကိုဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဖျာပုံမြို့၊ လူစည်ကားသည့် စျေးနှင့် ကားဂိတ်များတွင် လေပြင်းဘေးသတိပေးချက်များ ချိတ်ဆွဲပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
(၁၂-၄-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လတ်တလောဖြစ်ပေါ်နေသော လေပြင်းတိုက်ခတ်မှုများကြောင့် ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများမှ သက်သာစေရန် လေပြင်းသတိပေးချက်များကို ဖျာပုံမြို့ လူစည်ကားသည့် စျေးနှင့် ကားဂိတ်များတွင် ချိတ်ဆွဲထားပြီး လေပြင်းဘေးသတိပေးချက်လက်ကမ်းစာစောင်များကိုလည်းဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကြက်တက်ညောင်ကျေးရွာ၊ သာယာကုန်း (ချင်းရွာ) ကျေးရွာနှင့် သပြေကုန်း (ကရင်ရွာ) ကျေးရွာများနှင့် Call Center သို့ ဖုန်းဆက်အကူညီတောင်းခံခဲ့သော တောင်ငူမြို့၊ ၂၂ ရပ် ပေါက်လှကြီးလမ်းသွယ်၊ အိမ်အမှတ် (၅၉၃) မှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၁၄ – ၄ -၂၀၁၇) ရက်နေ့၊ ညနေ (၅) နာရီအချိန်ခန့်တွင် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကြက်တက်ညောင်ကျေးရွာ၊ သာယာကုန်း(ချင်းရွာ)ကျေးရွာနှင့် သပြေကုန်း(ကရင်ရွာ) ကျေးရွာများ၌ လေပြင်းတိုက်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်း (၂) ကျောင်းနှင့် အိမ် (၉၄) လုံး လေဘေးသင့်ခဲ့ပါသည်။ အထက်ပါလေဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော တာဝန်ရှိသူများသည် ထောက်ပံ့ငွေကျပ် (၈၀၃၀၀၀၀) တိတိနှင့် သွပ် (၆၉) ချပ်အား (၁၆-၄-၂၀၁၇) … Read more
-
မုန်တိုင်းဘေးပညာပေးစာစောင်များ ဖြန့်ဝေပေးမှှုသတင်း
၁၆-၄-၂၀၁၇ ရက်နေ့၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားမှ ဖြတ်ကျော်ဝင် ရောက်လာ ခဲ့သောမုန်တိုင်းအရှိန်ကြောင့် ပခုက္ကူမြို့တွင် လျှက်တပြတ်ရေဘေး ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်မှုဒဏ်ခံစားခဲ့ရသည့် မြစ်ချောင်းဘေးရှိ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်များသို့ ဆိုင်ကလုန်းမုန်တိုင်း မာရသာ အတွက် ကြိုဆင်မှှုများပြုလုပ်နိုင်ရန်အတွက် မုန်တိုင်းဘေး ပညာပေးစာစောင်များဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများအား ပုညမုဒိတာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်းတို့ … Read more









