

(၁၄ – ၄ -၂၀၁၇) ရက်နေ့၊ ညနေ (၅) နာရီအချိန်ခန့်တွင် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကြက်တက်ညောင်ကျေးရွာ၊ သာယာကုန်း(ချင်းရွာ)ကျေးရွာနှင့် သပြေကုန်း(ကရင်ရွာ) ကျေးရွာများ၌ လေပြင်းတိုက်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်း (၂) ကျောင်းနှင့် အိမ် (၉၄) လုံး လေဘေးသင့်ခဲ့ပါသည်။ အထက်ပါလေဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော တာဝန်ရှိသူများသည် ထောက်ပံ့ငွေကျပ် (၈၀၃၀၀၀၀) တိတိနှင့် သွပ် (၆၉) ချပ်အား (၁၆-၄-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန call center သို့ ဖုန်းဆက်အကူအညီတောင်းသော တောင်ငူမြို့၊ ၂၂ ရပ် ပေါက်လှကြီးလမ်းသွယ် အိမ်အမှတ် (၅၉၃) နေ ဦးအောင်ခင်အိမ်သို့ လေပြင်းဒဏ်ကြောင့် သစ်ပင်ပိခဲ့သော အိမ်ပျက်စီးမှုအတွက် သွပ် ၁၀ ချပ်အား (၁၆-၄-၂၀၁၇) ရက်နေ့တွင်ပင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ဆက်လက်၍ ဒု/ညွှန်ချုုပ်နှင့်အဖွဲ့သည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမြေနေရာအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။