– ၂၀၁ရခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ” (Maarutha) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၇၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၈၂) မိုင်ခန့်နှင့် ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် (၁၁၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါကြောင်း၊
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံကမ်းခြေဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါကြောင်း၊
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု(၁၇.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်းဖြစ်ပါကြောင်း၊
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် နောက် (၆) နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည် ဟု ခန့်မှန်းရပါကြောင်း၊
ဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၅၀) မှ မိုင် (၆၀) အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါကြောင်း၊
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေ ပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅) မိုင်အထိ တိုက် ခတ်နိုင်ပါကြောင်း၊
ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ ကျောက်ဖြူမြို့၊ သံတွဲမြို့နင့် ဂွမြို့တို့၏ ကမ်းခြေဒေသများတွင် (၄) ပေမှ (၆) ပေခန့်၊ ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသများတွင် (၂) ပေမှ (၄) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရပါကြောင်း၊
အဆိုပါဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် ယနေ့ညနေမှ နောက် (၂၄) နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေ သကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည် နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေကြီး အောက်ပိုင်း၊ ပဲခူး တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါကြောင်း၊
အဆိုပါဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရှိရပါသည်။
– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း ဆိုင်ကလုန်မုန်တိုင်းအခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာ၍ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိပြီး ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြည်သူများအနေဖြင့် အောက်ဖော်ပြပါ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်-
(က) အရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဉ်ထားပြီး လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။
( ခ) မိသားစုများကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်ဆုံရပ်သတ်မှတ်ထားပါ။
( ဂ) မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ခိုင်ခံ့လုံခြုံသောအဆောက်အဦ၊ အမိုးအကာအောက်တွင်နေထိုင်ပါ။
(ဃ) ကမ်းခြေများတွင် ရောက်ရှိအပမ်းဖြေနေသူများသတိပြုနေထိုင်ပါ။
( င) မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်တတ်သည့် လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်း အထူးသတိထားပါ။
( စ) ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ အကြားမှဖြတ်ကျော်ဝင်ရောက်ခဲ့သည့် O2Bမုန်တိုင်း၏အရှိန်ကြောင့် မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်တပြက်ရေဘေး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပေါ်ခဲ့သည့် အတွေ့အကြုံများရှိပြီးဖြစ်သည့်အတွက်လည်း ကုန်းတွင်း ပိုင်းဒေသများသည် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း နောက်ဆက်တွဲ ဘေးအန္တရာယ်များခံစားရနိုင်သဖြင့် ကြိုတင်သတိပြုရန်လိုအပ်ပါသည်။
(ဆ) တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများ အနီးနေထိုင်သူများအထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ရွှေ့ပြောင်းပါ။
( ဇ) မြစ်၊ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှခေတ္တရှောင်ရှား နေထိုင်ပါ။
– ပြည်သူများအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (Maarutha)အခြေအနေနှင့်ပတ်သက်၍ စဉ်ဆက် မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများ အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် (၂၄)နာရီဖွင့်လှစ်ထားရှိသော Call Centre ဖုန်းများဖြစ်သည့် (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇)တို့သို့ အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်းနှင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ လိုအပ် သည့်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန