ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ”(Maarutha) တုံ့ပြန်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ

17976799_1849457105307538_1718788122_o17976821_1849457385307510_1134694027_o 18009234_1849456948640887_936411423_n 17976568_1849456941974221_154320368_o 17976346_1849457325307516_1787746859_o 17976058_1849457058640876_1467403372_o 17976035_1849457348640847_857040225_o 17976025_1849457075307541_360628094_o 17976011_1849457021974213_1593474304_o 17975937_1849457351974180_1463850904_o 17975922_1849464298640152_26729077_o 17968947_1849457008640881_1020914378_o 17968911_1849457005307548_2087879277_o 17968816_1849457045307544_1847602300_o 17968628_1849457398640842_656135629_o 17968584_1849456915307557_1821442284_o  17968559_1849457088640873_813961895_o 17968399_1849457018640880_612950325_o 17965470_1849456975307551_1989499802_n 17950081_1849457341974181_1418221687_o 17948627_1849457305307518_1649890706_o 17948621_1849457015307547_1701549377_o 17948402_1849456935307555_750797207_o
– မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ် (၆)၊ ၂၀၁၇ အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “မာရသာ”(Maarutha)သည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ယနေ့မွန်းတည့်မှ နောက်(၁၂) နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်ပြီး ဖြတ်ကျော်ဝင်ရောက်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

– မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိရာတွင်လည်း

• မိုးလေဝသအခြေအနေများအရ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ရာသီဥတုဆိုးရွားချိန်တွင် ကမ်း‌ဝေး၊ ကမ်းနီးငါးဖမ်းရေယာဉ်များ လှိုင်းဒဏ်၊ လေဒဏ်မှခိုလှုံနိုင်ရန်အတွက် ရာသီဥတုခိုလှုံရာနေရာကို ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထုတ်ပြန်ကြေညာခဲ့ပြီး (၁၆-၄-၂၀၁၇)နေ့သတင်းအရ ပင်လယ်ပြင်တွင် ငါးဖမ်းရေယာဉ်များမရှိတော့ဘဲ သတ်မှတ်နေရာများ သို့ရောက်ရှိ ကျွန်းခိုနေပြီဖြစ်ပါသည်။

• ကမ်းရိုးတန်းဒေသများရှိ ငါး/ပုဇွန်မွေးမြူသူများသို့ ကြိုတင်ပြင်ဆင်နိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ကြိုတင်အသိပေးထားပြီးဖြစ်ပါသည်။

• ရိတ်သိမ်းပြီးသောစိုက်ပျိုးသီးနှံများကို အမိုးအကာအောက်ရောက်ရှိရေး ဆောင်ရွက်ရန်နှင့် လိုအပ်သောကူညီပံ့ပိုးမှုများကို နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန ရုံးများတွင် အကူအညီရယူနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်နှိုးဆော်ထားရှိပါသည်။

• တပ်မတော်အနေဖြင့် ရဟတ်ယာဉ်များ၊ လေယာဉ်များနှင့်ဆေးတပ်ဖွဲ့များကို အသင့်စီစဉ်ထားပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ တပ်ရင်းတပ်ဖွဲ့များအဆင်သင့်ဖြစ်စေရေး ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

• မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းရာမှ ကုန်းတွင်းပိုင်းဒေသများတွင် လျပ်တစ်ပြက် ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း အသိပညာပေးနှိုးဆော်ခြင်းကို ၂၀၁၁ ခုနှစ်၊ ပခုက္ကူမြို့တွင် လျှက်တစ်ပြက်ရေဘေး ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်မှုဒဏ်ခံစားခဲ့ရသည့် မြစ်ချောင်းဘေးရှိ အမှတ် (၂) ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ နေအိမ်များသို့ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုညမုဒိတာ ကျန်းမာရေး စောင့်ရှောက်မှုနှင့်သွေးလှူအသင်းတို့ဖြင့်ပူးပေါင်း၍ (၁၆-၄-၂၀၁၇)ရက်နေ့တွင် သွားရောက် အသိပညာပေးပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါသည်။

• ရခိုင်ပြည်နယ်တွင်လည်း ရမ်းဗြဲ၊ သံတွဲ၊ ကျောက်ဖြူမြို့များတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများကိုယ်တိုင် သွားရောက်အခြေပြုကာ အရေးပေါ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

• မုန်တိုင်းဒဏ်သက်ရောက်နိုင်သည့် ရပ်ကွက်/ကျေးရွာများတွင် ပြည်သူများသို့ မုန်တိုင်း သတိပေးချက်များ လိုက်လံဆော်သြလျက်ရှိပါသည်။

• ကမ်းခြေတစ်လျှောက်ရှိ အများပြည်သူနေရာများတွင်လည်း မုန်တိုင်းသတိပေးချက်များကို လိုက်လံအသိပေးဆော်သြခဲ့ကာ ဆိုင်ခန်းများပိတ်သိမ်းရေး နှိုးဆော်ခဲ့ပြီး ဆိုင်ခန်းများပိတ်သိမ်း လျက်ရှိပါသည်။

• ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းများအတွက် ကြိုတင် စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါသည်။

• သံတွဲကမ်းခြေတစ်လျှောက် အပန်းဖြေရောက်ရှိနေသူများ ကမ်းခြေမှပြန်လည်ထွက်ခွာပြီးဖြစ်ပါ သည်။

• ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ပင်လယ်ရေလှိုင်းရောက်ရှိနိုင်ပြီး မုန်တိုင်းဒဏ်ခံစားရနိုင်သည့် ကျေးရွာများမှ ပြည်သူများ၊ ငါးဖမ်းလှေများ ဘေးလွတ်ရာရွှေ့ပြောင်းလျက်ရှိပါသည်။

• မုန်တိုင်းဒဏ်ခံစားရနိုင်သည့်မြို့နယ်များတွင် သယ်ယူပို့ဆောင်ရေးယာဉ်များ ကြိုတင် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်းနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများအတွက် လိုအပ်သည်များ ဆက်လက်၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events