Category Archives: News
-
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာ လေဘေးသင့်ပြည် သူများအား ထောက်ပံ့မှုသတင်း
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာတွင် (၄ – ၄ – ၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးသင့်ပြည်သူများ အား ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေဘေးသင့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၅၀၀၀၀) ကျပ်နှင့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀) ကျပ်တို့ကို (၁၉ – ၄ – ၂၀၁၇) ရက်နေ့တွင် … Read more
-
ထူးခြားမိုးလေဝသ အခြေအနေခန့်မှန်းချက်
၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၀ ရက် (မြန်မာစံတော်ချိန် (၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ထူးခြားမိုးလေဝသ အခြေအနေခန့်မှန်းချက် အမှတ်စဉ်(၀၅/၂၀၁၇) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အနောက် ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် (၂၀.၄.၂၀၁၇)ရက်နေ့မှ (၂၄.၄.၂၀၁၇) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုတ်ခတ်စဉ် … Read more
-
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု၊ ရေဆန်ကျေးရွာတွင် (၆-၄-၂၀၁၇) ရက်နေ့က လေဆင်းနှာမောင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၁)ခုမှ အိမ်ထောင်စု(၁)စု လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ ဆန်ရိက္ခာ (၇)ရက်စာ (၆၃၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်တို့အား (၉-၄-၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မော်လမြိုင်ကျွန်မြို့နယ်တွင်းလေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုဆောင်ရွက်ခဲ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြည်သူ အိမ်ခြေ(၃၁)လုံးlအိမ်ထောင်စု(၃၁)စုl ဘေးသင့် လူဦးရေ ၁၂၀ ဦး တို့အား (၁၉-၄-၂၀၁၇) ရက်နေ့l(၁၃း၃၀) ချိန်တွင် မော်လမြိုင်ကျွန်မြို့နယ်l ရေတွင်းကုန်းကျေးရွာအုပ်စုlလေးဂွ ကြီးကျေးရွာနှင့်ဘင်္ဂလားကြီးကျေးရွာ တွင် အိမ်ဆောက်ပစ္စည်းထောက်ပံ့ ငွွေ(၃၁၀၀၀၀၀/ိ)lလုံးဝပျက်စီး(၁၆)လုံး အတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး နှင့် အမိုးလန်အိမ်ခြေ (၁၅)လုံး အတွက် ကယ်ဆယ်ရေးပစ္စည် (၄)မျိုးlလူဦးရေ(၁၂၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၅၂၀၀၀ိ/)l ငွေကျပ်စုစုပေါင်း(၃၃၅၂၀၀၀ိ/)အား လေဘေးသင့်ပြည်သူထံသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်l မော်လမြိုင်ကျွန်း … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ အသိပညာပေး လေ့ကျင့်သင်ကြားပေးမှုသတင်း
(၁၈.၄.၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများနှင့် FREDA အဖွဲ့တို့ပူးပေါင်း၍ ပြည်သူလူထုုပူးပေါင်းပါဝင်သော သဘာဝဘေးလျော့ပါးရေးသင်တန်းအား ဘိုကလေးမြိ ု့နယ်ထော်ပိုင်ကျေးရွာအုပ်စု အေးချမ်းသာယာကျေးရွာ School Cum Shelter တွင် အနီးဝန်းကျင်ကျေးရွာများမှ သင်တန်းသား/သူ (၂၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ စာတွေ့လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများ အသိပညာပေး လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာ၊ ကျွန်းသာယာကျေးရွာအုပ်စု၊ သ ဘော့ကျွန်းကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာအုပ်စုအတွင်းရှိ မရမ်းကျေးရွာများတွင် လေပြင်းတိုက်ခတ်ခံရမှုကြောင့် စုစုပေါင်းပြိုကျပျက်စီးအိမ်ခြေ( ၇)လုံးနှင့် အမိုးလန်ပျက်စီးအိမ်ခြေ(၂)လုံး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၇)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ(၁၁၀၀၀၀၀ိ/-)နှင့် လူဦးရေ(၃၅)ဦးအတွက် (၇)ရက်စာဆန် ရိက္ခာဘိုး(၇၃၅၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၇၃၅၀၀ိ/-) တိတိအား (၁၈.၄.၁၇) ရက်နေ့တွင် ဘိုက လေးမြို့နယ် ထွေ/အုပ် ခန်းမ၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် မိုးကြိုးထိမှန်၍သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာအုပ်စု၊ ရတောင်အတွင်းကျေးရွာတွင် (၅-၄-၂၀၁၇)ရက်နေ့က မိုးကြိုးထိမှန်၍ သေဆုံးသူ (၂)ဦးအတွက် နာရေးထောက်ပံ့ငွေ (၆၀၀၀၀၀)ကျပ်နှင့် ဆေးရုံတက်ဒဏ်ရာရလူနာ (၁)ဦးအတွက် ထောက်ပ့ံစရိတ် (၅၀၀၀၀)ကျပ် စုစုပေါင်း (၆၅၀၀၀၀)ကျပ်ကိုလည်းကောင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာတွင် (၁၁-၄-၂၀၁၇)ရက်နေ့က မိုးကြိုးထိမှန်၍ သေဆုံးသူ (၂)ဦးအတွက် နာရေးထောက်ပံ့ငွေ (၆၀၀၀၀၀)ကျပ်ကိုလည်းကောင်း (၁၉-၄-၂၀၁၇)ရက်နေ့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ ပန်ကြားလွှာဗွီနိုင်းပိုစတာများစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ရခိုင်ပြည်နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည်(၁၉-၄-၂၀၁၇)ရက်နေ့(၁၅းဝ၀)နာရီတွင ် စစ်တွေမြို ့၊ အဝေးပြေးကားကြီးကွင်းတွင် ဗိနိူင်းအားစိုက်ထူခဲ့ပြီး ၊လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များပါဝင်သော ပြည်သူသို့ပန်ကြားလွှာစာစောင်များအား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ပသီရိမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေများဖြန့်ဝေပေးနေမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ပသီရိမြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာ၌ သောက်ရေသန့်ဂါလံ (၉၀၀) အား (၁၉.၄.၂၀၁၇) နေ့တွင် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးတာဝန်ရှိသူများမှ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်းကျေးရွာများလေဘေးသင့်ပြည်သူမျာအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံး မှတာဝန် ရှိသူများသည် (၁၆.၄.၂၀၁၇)ရက်နေ့နှင့် (၁၇.၄.၂၀၁၇)ရက်နေ့များတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းဘေးခံစားခဲ့ရသည့် မဲခေါင်းကျေးရွာနှင့် ကန်စွန်းအင်းကျေးရွာတို့မှ ဘေးသင့်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၃)ဦးတို့အား ဆန်ဖိုး(၇)ရက်စာ ၂၇၃၀၀ိ/- ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၂၀၀၀၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့အား သရက်ခရိုင်၊ အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဘေးသင့်အိမ်ထောင်စု(၂)ထံသို့ (၁၈ ့ ၄ ့ ၂၀၁၇ )ရက်နေ့တွင် သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ ပါကြောင်း … Read more









