၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၀ ရက် (မြန်မာစံတော်ချိန် (၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ထူးခြားမိုးလေဝသ အခြေအနေခန့်မှန်းချက်
အမှတ်စဉ်(၀၅/၂၀၁၇)
ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အနောက် ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် (၂၀.၄.၂၀၁၇)ရက်နေ့မှ (၂၄.၄.၂၀၁၇) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုတ်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ် နိုင်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် အထက်ဖော်ပြပါမိုးလေဝသဖြစ်စဉ်များကို အထူး ဂရုပြု နေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
Source:DMH