မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာတွင် (၄ – ၄ – ၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးသင့်ပြည်သူများ အား ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေဘေးသင့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၅၀၀၀၀) ကျပ်နှင့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀) ကျပ်တို့ကို (၁၉ – ၄ – ၂၀၁၇) ရက်နေ့တွင် လေဘေး သင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)