ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာ၊ ကျွန်းသာယာကျေးရွာအုပ်စု၊ သ ဘော့ကျွန်းကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာအုပ်စုအတွင်းရှိ မရမ်းကျေးရွာများတွင် လေပြင်းတိုက်ခတ်ခံရမှုကြောင့် စုစုပေါင်းပြိုကျပျက်စီးအိမ်ခြေ( ၇)လုံးနှင့် အမိုးလန်ပျက်စီးအိမ်ခြေ(၂)လုံး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၇)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ(၁၁၀၀၀၀၀ိ/-)နှင့် လူဦးရေ(၃၅)ဦးအတွက် (၇)ရက်စာဆန် ရိက္ခာဘိုး(၇၃၅၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၇၃၅၀၀ိ/-) တိတိအား (၁၈.၄.၁၇) ရက်နေ့တွင် ဘိုက လေးမြို့နယ် ထွေ/အုပ် ခန်းမ၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။