ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာအုပ်စု၊ ရတောင်အတွင်းကျေးရွာတွင် (၅-၄-၂၀၁၇)ရက်နေ့က မိုးကြိုးထိမှန်၍ သေဆုံးသူ (၂)ဦးအတွက် နာရေးထောက်ပံ့ငွေ (၆၀၀၀၀၀)ကျပ်နှင့် ဆေးရုံတက်ဒဏ်ရာရလူနာ (၁)ဦးအတွက် ထောက်ပ့ံစရိတ် (၅၀၀၀၀)ကျပ် စုစုပေါင်း (၆၅၀၀၀၀)ကျပ်ကိုလည်းကောင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာတွင် (၁၁-၄-၂၀၁၇)ရက်နေ့က မိုးကြိုးထိမှန်၍ သေဆုံးသူ (၂)ဦးအတွက် နာရေးထောက်ပံ့ငွေ (၆၀၀၀၀၀)ကျပ်ကိုလည်းကောင်း (၁၉-၄-၂၀၁၇)ရက်နေ့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။