Category Archives: News
-
မကွေးမြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာတွင် အိမ်ထောင်စု (၃၀၀) လူဦးရေ (၁၅၀၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၄၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ သဌေးကုန်းကျေးရွာတွင် (၁၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀) ကျပ်၊ စုစုပေါင်း (၂၁၆,၈၀၀) ကျပ်တို့အား (၂၇-၄-၂၀၁၇) ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရေသန့်စက်နှင့် ရေသန့်ဆေးထုပ်များ ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၇) ရက်နေ့တွင် အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအတွက် ရေသန့်စက် (၁) လုံးနှင့် အမ်းမြို့နယ်အတွင်းရှိ ရေရှားပါးသော ဒေသများအတွက် ရေသန့်ဆေးထုပ် (၂၄၀) ပါ (၇) ဗူးအား အမ်းမြို့နယ် ထွေ/အုပ်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၇-၄-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ ရှောပြာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် DAN Mobile Application ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇) ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ အိုင်လျှားရှည်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးအကာပျက်စီး နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ အိမ်ထောင်စု (၃) စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၈၀,၀၀၀ိ/-)ကျပ်တို့အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် တန့်ဆည်မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၁၇) ရက်နေ့နှင့် (၂၄-၄-၂၀၁၇) ရက်နေ့တို့တွင် ကနီမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးအကာပျက်စီး နေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ အိမ်ထောင်စု (၄) စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀,၀၀၀ိ/-)ကျပ်တို့အား ကနီမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ (၂၇-၄-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လူမှုအဖွဲ့အစည်းများ ပြည်သူ့အကျိုးဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်မှု သတင်း
နေပြည်တော်၊ ၂၆-၄-၂၀၁၇ ပြည်သူလူထုအတွက် ထိရောက်ပြီး ရေရှည်အကျိုးဖြစ်ထွန်းစေသည့် ဝန်ဆောင်မှုများဖြစ်စေရေး၊ ပြည်သူ အစိုးရနှင့် အကူအညီပေးရေးဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အခြေပြု အဖွဲ့အစည်းများအကြား လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစေရန် စနစ်တစ်ခုတည်ဆောက်နိုင်ရေး လူမှုရေးအဖွဲ့အစည်းများ ပြည်သူ့အကျိုးဆောင်ရွက်မှု ဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ပြည်ထောင်စုဝန်ကြီးက ပြည်သူတို့၏ အလိုဆန္ဒနှင့်အညီ ပြည်သူတို့၏ လိုအပ်ချက်များကို အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် ဒီမိုကရေစီအဆင့်အတန်းကို မြှင့်တင်ပေးခြင်းပင်ဖြစ်ကြောင်း၊ လူမှုရေး လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများအများအပြားရှိပြီး မိမိတို့၏ဦးတည်ချက်များအလိုက် … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် မုန်တိုင်းဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်းခန်းများ ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့်ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၆-၄-၂၀၁၇)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ Karen Baptists Covention (KBC)မှ ဖွင့်လှစ်သော “အရေးပေါ်အစီအစဉ်ရေးဆွဲခြင်းနှင့်ကြိုတင်သတိပေးစနစ်အပေါ် ရပ်ရွာအခြေပြုကော်မတီမှ စီစဉ်ရေးဆွဲပြီး လက်တွေ့လုပ်ဆောင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်သင်တန်း” တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်းသိကောင်းစရာများ၊ DAN Application အသုံးပြုပုံနှင့် အသုံးဝင်ပုံများ၊ မုန်တိုင်းဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်းခန်းများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေးကြိုတင်သတိပေးချက်နှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၇) ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများသို့ လေပြင်းဘေးကြိုတင်သတိပေးချက်နှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)









