မကွေးမြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာတွင် အိမ်ထောင်စု (၃၀၀) လူဦးရေ (၁၅၀၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၄၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events