ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ သဌေးကုန်းကျေးရွာတွင် (၁၉-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀) ကျပ်၊ စုစုပေါင်း (၂၁၆,၈၀၀) ကျပ်တို့အား (၂၇-၄-၂၀၁၇) ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events