ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့်ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၆-၄-၂၀၁၇)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ Karen Baptists Covention (KBC)မှ ဖွင့်လှစ်သော “အရေးပေါ်အစီအစဉ်ရေးဆွဲခြင်းနှင့်ကြိုတင်သတိပေးစနစ်အပေါ် ရပ်ရွာအခြေပြုကော်မတီမှ စီစဉ်ရေးဆွဲပြီး လက်တွေ့လုပ်ဆောင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်သင်တန်း” တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်းသိကောင်းစရာများ၊ DAN Application အသုံးပြုပုံနှင့် အသုံးဝင်ပုံများ၊ မုန်တိုင်းဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်းခန်းများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)