Category Archives: News
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၇) ရက်နေ့ညနေပိုင်း၌ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ရေရှင်ကျေးရွာနေသူသည် ကျွဲကျောင်းရင်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသဖြင့် သရက်ပင်အောက် မိုးခိုရာတွင် သရက်ပင်အား မိုးကြိုးပစ်ခတ်ခဲ့ရာ မိုးကြိူးစက်ကွင်းထိမှန် သေဆုံးမှုကြောင့် ထောက်ပံ့ငွေ ကျပ် (၃) သိန်းတိတိအား (၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေး ပြည်သူပညာပေးဗွီနိုင်းပိုစတာစိုက်ထူပြီးစီးမှုသတင်း
ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁.၅.၂၀၁၇) နေ့တွင် ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးမှုးရုံးနှင့်ပူးပေါင်းလျက် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ပြည်သူပညာပေးဗွီနိုင်းပိုစတာအား ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးမှုးရှေ့၌ မီးသတ်တပ်ဖွဲ့နေ့ ပြည်သူပညာပေးစီစဉ်မှုအနေဖြင့် စုပေါင်းစိုက်ထူခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၉.၄.၂၀၁၇) နေ့တွင်ဖြစ်ပွားသော လေပြင်းဘေးကြောင့် မြစ်သားမြိုနယ်၊ အင်းရင်းကျေးရွာ၊ ဆင်ခြံကျေးရွာမှ သစ်ပင်ပိသေဆုံးသူ ဦးဝင်းကျော် အသက် (၃၂) နှစ် အတွက် သေဆုံးထောက်ပ့ံငွေ (၃)သိန်းအား ဆင်ခြံကျေးရွာသို့သွားရောက်၍ လည်းကောင်း၊ သစ်ပင်ပိ၍ ကျောက်ဆည်ဆေးရုံတက်ရောက်ကုသနေသော ဦးဇော်ဦး အသက် (၂၉) နှစ်၊ မသူဇာလွင် အသက် (၂၅) နှစ် တို့အား တစ်ဦးလျှင် (၅၀၀၀၀) နှုန်းဖြင့် ကျောက်ဆည်ဆေးရုံသို့ သွားရောက်၍ လည်းကောင်း (၁.၅.၂၀၁၇) နေ့တွင် ကွင်းဆင်းထောက်ပ့ံပေးခဲ့ပါသည်။ အလားတူ … Read more
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများကို ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ၊် မြစ်ကြီးနားမြို့၊ ပလန(ငွေပျော်စံပြ)ကျေးရွာ (၂၉.၄.၂၀၁၇ )ရက်နေ့တွင် ဖြစ်ပွားသော မိုးသည်းထည်စွာရွာမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး ဆန်ရိက္ခာဖိုးငွေ(၁၀၅၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်တို့ကို ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက (၁.၅.၂၀၁၇)ရက်နေ့တွင် ဘေးသင့်အိမ်ထောင်စုထံသို့ ထောက်ပ့ံပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ (ကန်နှစ်ဆင့်ကုန်းတဲတိုက်)မှ အိမ်ခြေ (၁၃၅)၊ လူဦးရေ (၆၅၀)ဦးတို့အတွက် ရေဂါလံ(၇၂၀၀)ကို ဖြန်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ကျေးရွာများသို့ ဆိုလာမီးအိမ်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် (၃၀-၄-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ရှိ ရွက်ညိုတောင်ကျေးရွာရှိ အိမ်ထောင်စု (၄၃) စုအတွက် ဆိုလာမီးအိမ် တစ်အိမ်ထောင် (၁)လုံးနှုန်းဖြင့် ဆိုလာမီးအိမ် (၄၃) လုံးကို တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေများဖြန့်ဝေပေးနေမှုသတင်း
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၇) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသော ပင်းတယမြို့နယ်၊ ကူးကော်ကျေးရွာအုပ်စု၊ ကူးကော်ကျေးရွာမှ အိမ်ထောင်စု (၇၀)စု၊ လူဦးရေ (၂၈၈)ဦး၊ ကြိမ်တော်ကျေးရွာမှ အိမ်ထောင်စု (၃၂၀)စု၊ လူဦးရေ (၁၆၀၀)ဦး၊ ရှမ်းရွာမှ အိမ်ထောင်စု (၈၀)စု၊ လူဦးရေ (၃၈၃)ဦးအတွက် သောက်သုံးရေ ဂါလံ(၁၀၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း မုတ်သုံအကြို သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
(၂၉-၄-၂၀၁၇)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုမွမ်းမံသင်တန်း၌ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ICRC အဖွဲ့အစည်းနှင့် ပူးပေါင်းပါဝင်ကာ မုတ်သုံအကြို သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ကျေးရွာများတွင် လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
ဇလွန််မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ အေးရွာတွင် (၂၉-၄-၂၀၁၇) နေ့တွင်ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅) လုံးအမိုးလန်ပျက်စီးခဲ့ရာ အမိုးလန်အိမ်ခြေ (၅) လုံးရှိ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် လေဘေးသင့် လူဦးရေ (၂၀) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး (၄၂၀၀၀)ကျပ် တို့ကို ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများမှ (၃၀-၄-၂၀၁၇) နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လယ်ဝေးမြို့၊ သစ်ပုတ်ပင်ကျေးရွာအုပ်စု၊ ပင်ငါးမြှောင်ကျေးရွာ (၂၇.၄.၂၀၁၇) နေ့ မီးဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး၊ (၁) အိမ်ထောင်စာ၊ မီးဘေးကြောင့် ဒဏ်ရာရရှိသူ (၁) ဦး အတွက် ထောက်ပ့ံငွေ (၅) သောင်းကျပ်နှင့် ရေကာကျေးရွာအုပ်စု၊ ရှမ်းရွာ (၂၉.၄.၂၀၁၇) နေ့ မီးဘေးသင့် ပြည်သူများအတွက် အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးအား ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးတာဝန်ရှိသူများမှ (၃၀.၄.၂၀၁၇) နေ့တွင် သွားရောက်ထောက်ပ့ံပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။









