မိုးကြိုးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၇) ရက်နေ့ညနေပိုင်း၌ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ရေရှင်ကျေးရွာနေသူသည် ကျွဲကျောင်းရင်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသဖြင့် သရက်ပင်အောက် မိုးခိုရာတွင် သရက်ပင်အား မိုးကြိုးပစ်ခတ်ခဲ့ရာ မိုးကြိူးစက်ကွင်းထိမှန် သေဆုံးမှုကြောင့် ထောက်ပံ့ငွေ ကျပ် (၃) သိန်းတိတိအား (၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events