မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

Myitthar1_5_2017
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၉.၄.၂၀၁၇) နေ့တွင်ဖြစ်ပွားသော လေပြင်းဘေးကြောင့် မြစ်သားမြိုနယ်၊ အင်းရင်းကျေးရွာ၊ ဆင်ခြံကျေးရွာမှ သစ်ပင်ပိသေဆုံးသူ ဦးဝင်းကျော် အသက် (၃၂) နှစ် အတွက် သေဆုံးထောက်ပ့ံငွေ (၃)သိန်းအား ဆင်ခြံကျေးရွာသို့သွားရောက်၍ လည်းကောင်း၊ သစ်ပင်ပိ၍ ကျောက်ဆည်ဆေးရုံတက်ရောက်ကုသနေသော ဦးဇော်ဦး အသက် (၂၉) နှစ်၊ မသူဇာလွင် အသက် (၂၅) နှစ် တို့အား တစ်ဦးလျှင် (၅၀၀၀၀) နှုန်းဖြင့် ကျောက်ဆည်ဆေးရုံသို့ သွားရောက်၍ လည်းကောင်း (၁.၅.၂၀၁၇) နေ့တွင် ကွင်းဆင်းထောက်ပ့ံပေးခဲ့ပါသည်။ အလားတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှုးက သေဆုံးသူအတွက် ငွေ ( ၁ ) သိန်း၊ ဆေးရုံတက်ရောက်ကုသခံနေရသူအတွက် (၅၀၀၀၀) စီ ထောက်ပ့ံပေးခဲ့ပြီး ပြိုလဲအိမ်များအတွက်လည်း ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events