လယ်ဝေးမြို့၊ သစ်ပုတ်ပင်ကျေးရွာအုပ်စု၊ ပင်ငါးမြှောင်ကျေးရွာ (၂၇.၄.၂၀၁၇) နေ့ မီးဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး၊ (၁) အိမ်ထောင်စာ၊ မီးဘေးကြောင့် ဒဏ်ရာရရှိသူ (၁) ဦး အတွက် ထောက်ပ့ံငွေ (၅) သောင်းကျပ်နှင့် ရေကာကျေးရွာအုပ်စု၊ ရှမ်းရွာ (၂၉.၄.၂၀၁၇) နေ့ မီးဘေးသင့် ပြည်သူများအတွက် အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးအား ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးတာဝန်ရှိသူများမှ (၃၀.၄.၂၀၁၇) နေ့တွင် သွားရောက်ထောက်ပ့ံပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။