
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၇) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသော ပင်းတယမြို့နယ်၊ ကူးကော်ကျေးရွာအုပ်စု၊ ကူးကော်ကျေးရွာမှ အိမ်ထောင်စု (၇၀)စု၊ လူဦးရေ (၂၈၈)ဦး၊ ကြိမ်တော်ကျေးရွာမှ အိမ်ထောင်စု (၃၂၀)စု၊ လူဦးရေ (၁၆၀၀)ဦး၊ ရှမ်းရွာမှ အိမ်ထောင်စု (၈၀)စု၊ လူဦးရေ (၃၈၃)ဦးအတွက် သောက်သုံးရေ ဂါလံ(၁၀၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။