Category Archives: News
-
မုန်တိုင်းဘေးအန္တရာယ် ဇတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ဦးဆောင်လျက် သထုံခရိုင်ဦးစီးမှူးရုံး၊ သထုံမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍ မိုးဦးကာလတွင် ဖြစ်ပွားလေ့ရှိသော မုန်တိုင်းဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတစ်ရပ်အနေဖြင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် ကျေးရွာလူထုပါဝင်သော မုန်တိုင်း ဘေးအန္တရာယ် ဇတ်တိုက်လေ့ကျင့်ခန်းအား ၂၀၁၇ ခုနှစ် မေလ (၁၇) ရက်နှင့် (၁၈) ရက်များတွင် ကျင်းပပြုလုပ်နိုင်ရန်အတွက် (၁၅-၅-၂၀၁၇) ရက်နေ့တွင် သထုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကြိုတင်ပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး သတိပေးဆိုင်းဘုတ်ဗီနိုင်း စိုက်ထူပေးမှုသတင်း
ကယ်ဆယ်ရေ ်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၇) ရက်နေ့၊ (၁၀း၀၀) နာရီ အချိန်တွင် မော်လမြိုင်မြို့နယ်၊ ကော့နှပ်ကျေးရွာ၌ ကျေးရွာနေပြည်သူ (၂၀၀) ဦးအား သဘာဝဘေးအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး သတိပေးဆိုင်းဘုတ်ဗီနိုင်းအား စိုက်ထူပေး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး သတိပေးဆိုင်းဘုတ်ဗီနိုင်း အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်အတွင်းရှိ ကြာရှည်ကျေးရွာ၊ ချောင်းသစ်ကျေးရွာ၊ဆင်အိုးချေကျေးရွာနှင့် ရွာမနီကျေးရွာတို့၌ (၁၂-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးအိမ် (၂) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁၀) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပါသည်။ လုံးဝပျက်စီးအိမ် (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၀) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၀) အိမ်ထောင်စာတို့အား (၁၃-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့့ံပေးပြီးဖြစ်ပါသည်။ လုံးဝပျက်စီးလူနေအိမ် … Read more
-
ရခိုင်ပြည်နယ၊် တတိယအကြိမ်ဒေသတွင်း မုတ်သုံဖိုရမ်ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ရခိုင်ပြည်နယ၊်စစ်တွေမြို့တွင်(၁၅-၅-၂၀၁၇)ရက်နေ့တွင် တတိယအကြိမ်မုတ်သုံဖိုရမ်အား မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ(၃၅)ဦးဖြင့့် စစ်တွေဟိုတယ်၌ထိကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ တတိယအကြိမ်မုတ်သုံဖိုရမ်၌ စီးပွားရေးကဏ္ဍ၊ ဖွံ့ဖြိုးရေးကဏ္ဍ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုများတွင် အရင်းအမြစ်များနှင့် သဘာဝဘေးလျှော့ကျစေရေးအတွက် ပိုမိုစီမံခန့်ခွဲလာနိုင်စေရန် ရာသီဥတုဆိုင်ရာ အချက်အလက်များနှင့် အသုံးချမှုများအကြား ကွာဟချက်များအား ပေါင်းကူးပေးခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရှိပါသည် Source : ရခိုင်ပြည်နယ် ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ သရက်အုပ်ကြီးကျေးရွာ၌ (၁၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၂) လုံး တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးမှုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀) ကျပ်တို့အား ဟင်္သာတခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာနေရာသို့ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ပဌနဂိုရ်ကျေးရွာအုပ်စု၊ ပဌနဂိုရ်ကျေးရွာ၌ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၇) ရက်နေ့တွင်မကွေးမြို့နယ်၊ ပဌနဂိုရ်ကျေးရွာအုပ်စု၊ ပဌနဂိုရ်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀/-) ကျပ်၊ စုစုပေါင်း (၅၈၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား မကွေးမြို့နယ်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ (၁၅-၅-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ မုတ်သုန်အကြိုကာလ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၁၅-၅-၂၀၁၇) ရက်နေ့၊ (ဝ၈းဝ၀~ဝ၉း၃၀) နာရီတွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ မုတ်သုန်အကြိုကာလ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များအား တက်ရောက်လာသူများထံ ဖြန့်ဝေခဲ့ပြီး နံရံကပ်ပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား (၂၀ဝ) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ရိက္ခာများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၆) ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် တရုတ်နိုင်ငံအတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်ရာ အလုပ်ရှင်မှ လုပ်အားခမပေးပဲ နယ်စပ်တွင် ထားရှိခဲ့သော မြန်မာနိုင်ငံသား ကျား (၄) ဦး၊ မ (၅) ဦး၊ စုစုပေါင်း (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာ (၇) ရက်စာအား (၈-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး (၉-၅-၂၀၁၇) ရက်နေ့တွင် မူရင်းနေရပ်ဒေသဖြစ်သော ရှမ်းမြောက်ပိုင်း၊ နမ့်ဆန်မြို့သို့ ပို့ဆောင်ပေးပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စု၊ မိုင်းရင်ကျေးရွာရှိ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းမှ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံးတွင် ဆေးကုသမှုခံယူလျက်ရှိသော ကိုရင် (၇) ပါးအတွက် (၁) ပါးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၇) ပါးစာ (၃၅၀,၀၀၀) ကျပ်တို့အား (၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)









