
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ရခိုင်ပြည်နယ၊်စစ်တွေမြို့တွင်(၁၅-၅-၂၀၁၇)ရက်နေ့တွင် တတိယအကြိမ်မုတ်သုံဖိုရမ်အား မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ(၃၅)ဦးဖြင့့် စစ်တွေဟိုတယ်၌ထိကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ တတိယအကြိမ်မုတ်သုံဖိုရမ်၌ စီးပွားရေးကဏ္ဍ၊ ဖွံ့ဖြိုးရေးကဏ္ဍ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုများတွင် အရင်းအမြစ်များနှင့် သဘာဝဘေးလျှော့ကျစေရေးအတွက် ပိုမိုစီမံခန့်ခွဲလာနိုင်စေရန် ရာသီဥတုဆိုင်ရာ အချက်အလက်များနှင့် အသုံးချမှုများအကြား ကွာဟချက်များအား ပေါင်းကူးပေးခြင်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရှိပါသည်
Source : ရခိုင်ပြည်နယ် ဦးစီးမှူးရုံး (ကဆရ)