ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၇) ရက်နေ့တွင်မကွေးမြို့နယ်၊ ပဌနဂိုရ်ကျေးရွာအုပ်စု၊ ပဌနဂိုရ်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀/-) ကျပ်၊ စုစုပေါင်း (၅၈၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား မကွေးမြို့နယ်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ (၁၅-၅-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)