ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ဦးဆောင်လျက် သထုံခရိုင်ဦးစီးမှူးရုံး၊ သထုံမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍ မိုးဦးကာလတွင် ဖြစ်ပွားလေ့ရှိသော မုန်တိုင်းဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတစ်ရပ်အနေဖြင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် ကျေးရွာလူထုပါဝင်သော မုန်တိုင်း ဘေးအန္တရာယ် ဇတ်တိုက်လေ့ကျင့်ခန်းအား ၂၀၁၇ ခုနှစ် မေလ (၁၇) ရက်နှင့် (၁၈) ရက်များတွင် ကျင်းပပြုလုပ်နိုင်ရန်အတွက် (၁၅-၅-၂၀၁၇) ရက်နေ့တွင် သထုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကြိုတင်ပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)