Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အာရှ-ပစိဖိတ်ဒေသ၊ Help Age International (HAI) အဖွဲ့၏ Head of Programmes ဖြစ်သူ Dr. Dharmapriya Wesuma ဦးဆောင်သောအဖွဲ့မှလာရောက်တွေ့ဆုံ မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက် ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားသော Help Age International (HAI) အဖွဲ့၏ အာရှ-ပစိဖိတ်ဒေသ Head of Programmes ဖြစ်သူ Dr. Dharmapriya Wesuma Peruma ဦးဆောင်သောအဖွဲ့အား အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့နံနက် (၁၀:၀၀) နာရီတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အိမ်တိုင် ရာရောက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း စီမံကိန်း ဆိုင်ရာကိစ္စများ၊ ရန်ကုန်မြို့တွင် … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ မက္ကာလာကျကျေးရွာ၊ မင်းကန်ကျေးရွာ၊ တန်းစွယ်ကျေးရွာတို့တွင် (၁၆-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်လူနေအိမ် (၁) လုံးစီ စုစုပေါင်း လူနေအိမ် (၃) လုံး လုံးဝပျက်စီးခဲ့ပါသည်။ အဆိုပါ ဘေးသင့် အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၃၀၀,၀၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) … Read more
-
ရေနံချောင်းမြို့နယ်၊ အလယ်ကန်ကျေးရွာရှိ လေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ရေနံချောင်းမြို့နယ်၊ အလယ်ကန်ကျေးရွာ၌ ပြိုကျအိမ်ခြေ (၁) လုံး၊ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)၊ ဆန်ရိက္ခာဖိုး (၄၂၀၀/-)၊ စုစုပေါင်း (၁၀၄၂၀၀/-) အား ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ (၁၅-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းထွဋ်ဦး၊ ကနီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းနှင့် စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မီမီထွန်းနှင့် တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၇) ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်းအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် တိုက်ခတ်သည့် လေပြင်းဘေးကြောင့် မြို့ပေါ် ရပ်ကွက် (၃) ခုနှင့် ကျေးရွာ (၇) ရွာမှ ပြိုလဲနေအိမ် (၁၂) လုံးနှင့် အမိုးလန်ပျက်စီးနေအိမ် (၂၅၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၀၅၅,၀၀၀/-)၊ သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) … Read more
-
လေဘေးသင့်အိမ်ထောင်စုအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမ၊ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ် အမှတ်(၃)နှင့် အမှတ် (၄)ရပ်ကွက်များတွင် (၁၁.၅.၂၀၁၇)နေ့ တွင် ဖြစ်ပွား သော လေဘေးကြောင့် ပြိုလဲပျက်စီးသော အိမ်ခြေ (၂)လုံးနှင့် အမိုးလန် အိမ်ခြေ(၃)လုံးအတွက် အိမ် ဆောက်ပစ္စည်းရန်ပုံငွေ(၃၇၇၅၀၀ိ/-) ပြိုလဲ အိမ်ထောင် စု(၂)စုအား ပလတ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အမိုးလန်အိမ်ခြေ(၃)လုံးအား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး လေဘေး သင့်ပြည်သူ( ၂၄ )ဦးအတွက် ဆန်ရိက္ခာ(၇ )ရက်စာ (၅၀၄၀၀/-) စုစုပေါင်းကယ်ဆယ် ရေးရန်ပုံငွေ(၄၂၇၉၀၀/- ) တို့အား မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို (၁၆-၅-၂၀၁၇) ရက်နေ့ (၀၉:၃၀) အချိန်တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် အခမ်းအနားဖွင့့်လှစ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ပြောကြားခဲ့ပါသည်။ ထို့ပြင်မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ်အဆင့်ဆင့်ကို မှတ်တမ်းဗီဒီယိုပြသခဲ့ပြီး တက်ရောက်လာသူများမှ သင်တန်းသားများအတွက် ထုတ်ပေးမည့် သင်ထောက်ကူပစ္စည်းများနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များကို ကြည်ရှုလေ့လာခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၆-၅-၂၀၁၇) ရက်မှ (၁၈-၅-၂၀၁၇) ထိ (၃) ရက်ကြာဖွင့့်လှစ် သွားမည်ဖြစ်ပြီး မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ … Read more
-
လေဘေးသင့်အိမ်ထောင်စုအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊စပါးထားကျေးရွာ၌(၁၅-၅-၂၀၁၇)ရက်နေ့တွင်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့်် အိမ်ထောင်စု (၁) စုအတွက်ဆန်ဖိုးငွေ (၈၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀)ကျပ်ထောက်ပံ့ ငွေစုစုပေါင်း (၁၀၈၄၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။Source:မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာအနီး၌ (၁၃-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် နေအိမ် (၃) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း လက်နက်ထိမှန်ခဲ့ပြီး လူ (၂) ဦးဒဏ်ရာရှိခဲ့ပါသည်။ အဆိုပါ ဒဏ်ရာရရှိလူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ထမကန်ကျေးရွာတွင် (၁၅-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်း ထောက်ပ့ံငွေ (၁၁၂,၆၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ပေါ်၌ (၁၃-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်အိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၁၅၀,၀၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)









