ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အာရှ-ပစိဖိတ်ဒေသ၊ Help Age International (HAI) အဖွဲ့၏ Head of Programmes ဖြစ်သူ Dr. Dharmapriya Wesuma ဦးဆောင်သောအဖွဲ့မှလာရောက်တွေ့ဆုံ မှုသတင်း

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက် ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားသော Help Age International (HAI) အဖွဲ့၏ အာရှ-ပစိဖိတ်ဒေသ Head of Programmes ဖြစ်သူ Dr. Dharmapriya Wesuma Peruma ဦးဆောင်သောအဖွဲ့အား အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့နံနက် (၁၀:၀၀) နာရီတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အိမ်တိုင် ရာရောက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း စီမံကိန်း ဆိုင်ရာကိစ္စများ၊ ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် အသက် ၇၀ နှစ်အထက် ဘိုးဘွားများအား နေ့ပိုင်းလူမှုရေးစောင့်ရှောက်မှု ပေးနေသည့်အ‌ခြေအနေများ၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၉၀ နှစ်နှင့် အထက်ဘိုးဘွားများကို လူမှုရေးပင်စင်အဖြစ် (၁) လလျှင် (၁၀၀၀၀) ကျပ် ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ HAI အဖွဲ့နှင့်ပူးပေါင်းရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပြဌာန်းခဲ့သည့် သက်ကြီး ရွယ်အိုများဆိုင်ရာ ဥပဒေ၏ နည်းဥပဒေ ဆက်လက်ရေးဆွဲနေမှု၊ သက်ကြီးရွယ်အိုဆိုင်ရာ မူဝါဒနှင့်လုပ်ငန်း စီမံချက်ရေး ဆွဲနေမှုများနှင့် HAI အဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသည့် ရပ်ရွာအခြေပြု ကိုယ့်အားကိုယ်ကိုး သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အဖွဲ့အစီအစဉ်များကို အစိုးရမှ ဦးဆောင်၍ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရေး၊ HAI အဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ University of Public Health တို့ပူးတွဲဆောင်ရွက်နေသည့် မကူးစက်နိုင်သောရောဂါဆိုင်ရာ (Non Communicable Diseases – NCD) သင်တန်းနှင့် ပညာပေး‌ရေး အစီအစဉ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ပူးပေါင်း၍ အားဖြည့် ဆောင်ရွက်နိုင်ရေးတို့ ကိုဆွေးနွေးခဲ့ပါသည်။

အဆိုပါအဖွဲ့တွင်ပါရှိသည့်  Age International (UK) ကလည်း အာဆီယံနိုင်ငံများ အတွင်းတွင် မြန်မာနိုင်ငံ၏ သက်ကြီးရွယ်အိုစောင့် ရှောက်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများမှာ သိသာ ထင်ရှားစွာ ပြောင်းလဲလာမှုကို ဗြိတိန်အစိုးရဘက်မှလည်း ဂရုပြုမိ ပါကြောင်း နှင့် ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဗြိတိန်နိုင်ငံ Oxford University နှင့် သက်ကြီးရွယ်အိုဆိုင်ရာ သုတေသနပူးပေါင်းဆောင်ရွက် ရန် ဖိတ်ခေါ်ပါ ကြောင်းနှင့် နေပြည်တော်တွင် HAI ၏ ဒေသဆိုင်ရာဖိုရမ်ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်ကျင်းပပြီး အခြားနိုင်ငံများ၏ အတွေ့အကြုံများ မျှဝေရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Source:   MSWRR

Sign Up

Upcoming Events