စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

16_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းထွဋ်ဦး၊ ကနီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းနှင့် စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မီမီထွန်းနှင့် တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၇) ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်းအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် တိုက်ခတ်သည့် လေပြင်းဘေးကြောင့် မြို့ပေါ် ရပ်ကွက် (၃) ခုနှင့် ကျေးရွာ (၇) ရွာမှ ပြိုလဲနေအိမ် (၁၂) လုံးနှင့် အမိုးလန်ပျက်စီးနေအိမ် (၂၅၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၀၅၅,၀၀၀/-)၊ သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ဒဏ်ရာရရှိသူ (၆) ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၉၅၅,၀၀၀/-)နှင့် လေဘေးသင့်အိမ်ထောင်စု (၂၆၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ (၂၆၉) အိမ်ထောင်စာတို့အား (၁၆-၅-၂၀၁၇) ရက်၊ အင်္ဂါနေ့ (၀၉း၃၀) အချိန်တွင် ကနီမြို့၊ အမှတ် (၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events