Category Archives: News
-
မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဗိုလ်တဲ (တဲတိုက်)၌ သောက်သုံးရေဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဗိုလ်တဲ(တဲတိုက်)၊ ရွာအရှေ့တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ အိမ်ခြေ (၂၅၀)၊ အိမ်ထောင်စု (၂၇၀)၊ လူဦးရေ (၁၅၀၀) ဦးတို့အား သောက်သုံးရေ ဂါလံ (၆၄၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သောဒီပဲယင်းမြို့နယ်၊ ဆည်တောကျေးရွာမှ အိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၆၀,၀၀) ကျပ်နှင့် ရွာရှည်ကျေးရွာ အိမ်ခြေ (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၇၃၀,၀၀၀) ကျပ် တို့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်အတူ (၁၇-၅-၂၀၁၇) … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာ၊ အေးချမ်းမြိုင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ (၁၀-၅-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင်း လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၇) ရက်နေ့ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျေးရွာ အုပ်စု(၄)စု ကျေးရွာ(၁၂)ရွာ(၁၁-၅-၂၀၁၇)နေ့ ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ(၁)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၁)အိမ်ထောင်စာ(၁)ပုံး လူဦးရေ (၃)ဦးအတွက် ဆန်ဖိုးငွေ (၆၃၀၀/-) ၊အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-) နှင့် အမိုးလန်အိမ်ခြေ(၄၅)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုး(၄၀၂၅၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၁၃၁၃၀၀/-)အား (၁၆-၅-၂၀၁၇)နေ့တွင် ကြို့ပင် ကောက်မြို့နယ်ထွေ/အုပ်ခန်းမတွင် သွားရောက်ထောက်ပ့ံထောက်ပ့ံပေးခဲ့ကြောင်းသတင်းရရှိသည်။Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပြည်သူများသို့ပန်ကြားချက် ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၆- ၅ -၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူများသို့ ပန်ကြားချက်ဗွီနိုင်းဆိုင်းဘုတ်အား ကျောက်ဖြူမြို့နာရီစင်ကွင်းတွင် စိုက်ထူခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ကြိုတင်သတိပေးခြင်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာအုပ်စု၊ ပျောဘွယ်လေးရွာနှင့် လက်ပံကုန်းရွာတို့မှ ကျေးရွာနေပြည်သူများအတွက် မိုးဦးရာသီအစ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် ဗီနိုင်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်၍ ကြိုတင်သတိပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သထုံမြို့နယ၊်ကင်မွန်းချုံရွာလေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိ သူများသည် (၁၁-၅-၂၀၁၇) ရက်နေ့ သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ကင်မွန်းချုံ ရွာ တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင် နေအိမ်ပေါ်သိ့ု အုန်းပင်ပြိုလဲ ပိမိသဖြင့် လူဦးရေ (၅)ဦး လေဘေးသင့်ခဲ့ရာ (၁၆-၅-၂၀၁၇)ရက်နေ့ တွင် ကယ်ဆယ်ရေးပစ္စည်း ၊ အိမ်ဆောက်ပစ္စည်း ဘိုးနှင့် ဆန်ရိက္ခာ (၇)ရက် စာ စုစုပေါင်း (၁၁၀၅၀၀/-) အား သွားရောက်ထောက်ပ့ံ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ မန်ကျည်းပင်ကျေးရွာအုပ်စုတွင်တည်ရှိသော ကြို့ပင်ရိုးကျေးရွာကမ်းပြိုခြင်းကာကွယ်နိုင်ရန် ရေလမ်းကြောင်းပြောင်းလွှဲဖောက်လုပ်ခြင်းလုပ်ငန်းများပြုလုပ်ရန်အတွက် ထောက်ပံ့ငွေ သိန်းရှစ်ဆယ် (၈,၀၀၀,၀၀၀) တိတိအား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဒေသလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူး (ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန)တို့မှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ပဲနွယ်ကုန်းမြို့ အုပ်ချုပ်ရေးမှူးမှ လက်ခံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက်ကာ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျေးရွာနေပြည်သူများထံ လက်ဆင့်ကမ်းဖြန့်ဝေပေးနိုင်ရန်အတွက် အဆိုပါ ပန်ကြားချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၁၁) ရွာတို့၌ (၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်အိမ်ခြေ (၅၅) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၃,၀၃၂,၇၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)









