Category Archives: News
-
ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးနေမှုသတင်း
(၁၉-၅-၂၀၁၇)ရက်နေ့၊ ညောင်ဦးခရိုင်၊ ထီးပုကျေးရွာအုပ်စု၊ ဆင်လူးအိုင်ကျေးရွာ အိမ်ခြေ (၇၀) အိမ်ထောင်စု (၇၃) လူဦးရေ (၃၇၂) ဦးအတွက် သောက်သုံးရေဂါလံ (၃၂၀၀) ဂါလံအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၁၈-၅-၂၀၁၇)ရက်နေ့၊ လေပြင်းတိုက်ခတ်မှူကြောင့် ကျောက်ဖြူမြို့နယ်၊ ဝပြေကျေးရွာအုပ်စု၊ ဝပြေကျေးရွာတွင် နေအိမ်တစ်လုံးပျက်စီးပြီး လေဘေးသင့် အိမ်ထောင်စု (၁)စု၊ လူဦးရေ ကျား(၁) ဦး၊ မ (၁) ဦး၊ စုစုပေါင်း (၂) ဦးအတွက် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ (၁၉-၅-၂၀၁၇) နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၀ ) မျိုး၊ (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄၂၀၀) ကျပ်၊ စုစုပေါင်း ( ၁၀၄၂၀၀ိ/-)ကျပ်အားထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၁၇-၅-၂၀၁၇)ရက်နေ့ (၂၁း၃၀) အချိန် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့၍ လူနေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု(၁)စု လူဦးရေ(၄) ဦး အတွက် (၁၉-၅-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ (၈၄၀၀ိ/-) စုစုပေါင်း (၁၀၈၄၀၀ိ/-)ကျပ်တိတိအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၆.၅.၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စု၊ ရေပေါ်ကျေးရွာအတွင်း သစ်ပင်ပိမိပြီး ဆေးရုံတက်ကုသမှုခံယူခဲ့သည့် လူနာ ဒေါ်စန်းစန်းချိုအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-)ကျပ်နှင့် (၁၄.၅.၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ တကူအလယ်ပိုင်းကျေးရွာအတွင်း မိုးကြိုးဘေးကြောင့် သေဆုံးသူ ဦးမောင်ရွှေအတွက် နာရေးထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀၀၀ိ/) ကျပ်အား (၁၉.၅. ၂၀၁၇) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်မဲခရိုင်၊ ကျောက်မဲဲမြို့နယ်အတွင်းရှိ စစ်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁ရ့၅့၂၀၁၇)ရက်နေ့၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာတွင် လက်နက်ကြီး ထိမှန်မှုကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် အိမ်ခြေ (၂) လုံး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၂) ဦးအတွက် ရန်ပုံငွေ (၂၅၀၀၀၀ိ/-) ကျပ်အား ကျောက်မဲခရိုင်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများမှ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။
-
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲများနှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် ဗီနိုင်းစိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းလူငယ်များသည် နှစ်စဉ်ရေကြီးမှုနှင့် လေပြင်းဘေးကြုံတွေ့ခံစားနေရသည့် တနိုင်းမြို့၊ ဆင်မ်ဆာ့ရပ်ကွက်နှင့် ပုန်ခုန်းရပ်ကွက်တို့တွင် (၁၈-၆-၂၀၁၇) ရက်နေ့ (၁၃:ဝ၀) နာရီအချိန်တွင် လေပြင်းကြိုတင်ကာကွယ်ရေးပြည်သူသို့ပန်ကြားချက်စာစောင်များဝေငှခြင်းနှင့် ဗီနိုင်းစိုက်ထူခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးဗွီဒီယိုပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ အဆိုပါ ကျေးရွာများမှ ပြည်သူလူထု (၃၀၀) ခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၌ (၁၈-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၁) လုံးနှင့် (အ.မ.က) စာသင်ကျောင်း (၁) ကျောင်း သွပ်အမိုးများလန်ပြီး ပျက်စီးဆုံးရှုံးခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၁၉-၅-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ … Read more
-
ကမ်းပြိုအိမ်ထောင်စုများအတွက် မြေအိမ်ယာပံ့ပိုးခြင်းအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ရွှေဖလားကျွန်းကျေးရွာတွင် မြစ်ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု (၆၅) စုအတွက် မြေနေရာ၊ အိမ်နှင့် သောက်သုံးရေပံ့ပိုးပေးခြင်းစီမံကိန်းလုပ်ငန်းအား လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်း (CDA) မှ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော Peace Winds Japan (PWJ) အဖွဲ့၏ ရန်ပုံငွေပံ့ပိုးမှုနှင့်အတူ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့၍ (၁၇-၅-၂၀၁၇) ရက်နေ့တွင် မြေအိမ်ယာပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေး ကြိုတင်သတိပေးချက်နှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်အား ကျောက်မဲမြို့နယ်အတွင်းရှိ မိဘပြည်သူများသိရှိစေရန်အတွက် လိုက်လံကြေညာမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကျောက်မဲမြို့နယ်၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက်များအား ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်အတွင်းရှိ မိဘပြည်သူများသိရှိစေရန်အတွက် လိုက်လံကြေညာပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေး ကြိုတင်သတိပေးချက်နှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗီနိုင်းစိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇) ရက်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက် လေပြင်းဘေးကြိုတင်သတိပေးချက်နှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗီနိုင်းအား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)









