ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ရွှေဖလားကျွန်းကျေးရွာတွင် မြစ်ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု (၆၅) စုအတွက် မြေနေရာ၊ အိမ်နှင့် သောက်သုံးရေပံ့ပိုးပေးခြင်းစီမံကိန်းလုပ်ငန်းအား လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်း (CDA) မှ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော Peace Winds Japan (PWJ) အဖွဲ့၏ ရန်ပုံငွေပံ့ပိုးမှုနှင့်အတူ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့၍ (၁၇-၅-၂၀၁၇) ရက်နေ့တွင် မြေအိမ်ယာပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)