ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းလူငယ်များသည် နှစ်စဉ်ရေကြီးမှုနှင့် လေပြင်းဘေးကြုံတွေ့ခံစားနေရသည့် တနိုင်းမြို့၊ ဆင်မ်ဆာ့ရပ်ကွက်နှင့် ပုန်ခုန်းရပ်ကွက်တို့တွင် (၁၈-၆-၂၀၁၇) ရက်နေ့ (၁၃:ဝ၀) နာရီအချိန်တွင် လေပြင်းကြိုတင်ကာကွယ်ရေးပြည်သူသို့ပန်ကြားချက်စာစောင်များဝေငှခြင်းနှင့် ဗီနိုင်းစိုက်ထူခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးဗွီဒီယိုပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ အဆိုပါ ကျေးရွာများမှ ပြည်သူလူထု (၃၀၀) ခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)