Category Archives: News
-
ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Plan International Myanmar တို့နှင့်ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ ဂါလီလဲကန့်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းကို (၂၄-၅-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ပြည်နယ်ကျန်းမားရေး၊ ပြည်နယ်မိုးဇလ၊ မြန်မာနိုင်ငံမီးသတ်နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သင်ခန်းစာများ ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် DAN နှင့် KOBO Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး … Read more
-
ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် Plan Internation Myanmar တို့ပူးပေါင်း၍ (၂၄-၅-၂၀၁၇) ရက်နေ့မှ (၂၆-၅-၂၀၁၇) ရက်နေ့ထိ (၃) ရက်ကြာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားအား မြစ်ကြီးနားမြို့၊ ဂါလီလဲကန့်တွင် သင်တန်းသား/သူ (၅၀) ဦး ဖြင့်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပြည်နယ်ကျန်းမာရေး၊ ပြည်နယ်မိုးဇလ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ မှသင်ခန်းစာပို့ချခဲ့ပြီး DAN နှင့် KOBO Application များကိုဖြန့်ဝေခဲ့ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗီနိုင်းများကိုလည်း စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းကြီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန်များအားပြောကြားခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဆပ်ပြာမှုန့်ထုပ်များအား ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကွတ်ခိုင်မြို့၊ မုံးယကျေးရွာအုပ်စု နောင်ခမ်းကျေးရွာ၌ မိုင်းဟောင်းပေါက်ကွဲမှုမှ ဒဏ်ရာရရှိသူအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့တွင် ကွတ်ခိုင်မြို့၊ မုံးယကျေးရွာအုပ်စု နောင်ခမ်းကျေးရွာမှ မအမ်အွမ် အသက် (၃၀) နှစ်သည် တောင်ယာလုပ်ကိုင်နေစဉ် မိုင်းဟောင်း (၁) လုံးအား ပေါက်ပြား ဖြင့် ပေါက်မိရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ တက်ရောက်ဆေးကုသမှုခံယူနေသည့် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်အား (၂၅-၅-၂၀၁၇) နေ့၌ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်စီမံကိန်း ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် (UNV)တို့ ပူးပေါင်း၍ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၅-၅-၂၀၁၇) ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် ကျောက်ဖြူမြို့၊ ရမ္မဝတီခန်းမ၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနား သို့ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ (၁၃) ဦး၊ စုစုပေါင်း (၆၃) ဦး ခန့်တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာ၌ မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) ရက်နေ့၊ နံနက် (၀၃း၀၀) နာရီချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာ၌ ငါး၊ ခရုရှာထွက်ရာမှ လယ်ကွင်းတွင် မိုးကြိုးပစ်၍ သေဆုံးသူ မောင်ခင်ဇော်၏ မိသားစုထံသို့ ထောက်ပံ့ငွေ (၃) သိန်းအား (၂၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ သဲချောင်း (ဘင်္ဂလီ) ကျေးရွာ၌ (၂၃-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၇၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၅၃,၃၀၀) ကျပ်၊ စုစုပေါင်း (၁,၂၅၃,၃၀၀) ကျပ်တို့အား စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ) … Read more
-
ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက် ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် International Rescue Committee (IRC) တို့ပူးပေါင်း၍ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်သင်တန်းအား ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခွယ်ကဘောင်မိုတယ်တွင် (၂၅-၅-၂၀၁၇) ရက်နေ့မှ (၂၆-၅-၂၀၁၇) ရက်နေ့အထိ သင်တန်းသား (၅၀) ဦးအား ပို့ချသွားမည်ဖြစ်ပြီး ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (IRC) တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် ( ၄/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးရုံးမှတာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၁၇) စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၁၇) ရက်နေ့၌ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မအူကုန်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာတွင်ဖြစ်ပွားသော မီးဘေးတွင် မီးဘေးသင့်အိမ်ခြေ (၁) လုံး အတွက်အိမ်ထောင်စု (၁) စုစာ family kits (၁) ပုံး၊ ဆန်ရိက္ခာဖိုး (၁၆,၈၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/-)ကျပ်တို့ကို (၂၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)









