ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်လှစ်မှုသတင်း

Kachin 25 Pic 02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Plan International Myanmar တို့နှင့်ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ ဂါလီလဲကန့်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းကို (၂၄-၅-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ပြည်နယ်ကျန်းမားရေး၊ ပြည်နယ်မိုးဇလ၊ မြန်မာနိုင်ငံမီးသတ်နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သင်ခန်းစာများ ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် DAN နှင့် KOBO Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် ဗီနိုင်းအား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events