ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်ကနဦးစီမံချက် ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း

25 pic 01ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် International Rescue Committee (IRC) တို့ပူးပေါင်း၍ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်သင်တန်းအား ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခွယ်ကဘောင်မိုတယ်တွင် (၂၅-၅-၂၀၁၇) ရက်နေ့မှ (၂၆-၅-၂၀၁၇) ရက်နေ့အထိ သင်တန်းသား (၅၀) ဦးအား ပို့ချသွားမည်ဖြစ်ပြီး ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (IRC) တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events