ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်စီမံကိန်း ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း

25 pic 01ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် (UNV)တို့ ပူးပေါင်း၍ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၅-၅-၂၀၁၇) ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် ကျောက်ဖြူမြို့၊ ရမ္မဝတီခန်းမ၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနား သို့ စေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ (၁၃) ဦး၊ စုစုပေါင်း (၆၃) ဦး ခန့်တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events