Category Archives: News
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ ကျုံတနီးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ ကျုံတနီးကျေးရွာ၌ (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် သစ်အိမ် (၁) လုံးအတွက် Family Kit (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ အမိုးလန်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၆၈၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၅၆၈၀၀) ကျပ်တိတိအား (၃၁-၅-၂၀၁၇) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူ မြို့နယ်၊ ကလန့်တဲကျေးရွာ၌ နေအိမ် (၁) လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (ပလတ်စတစ်ပုံးပါ)၊ ဆန်ရိက္ခာဖိုး (၆၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်တို့အား (၃၁-၅-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင် ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၇) ရက်နေ့၌ တိုက်ခတ်ခဲ့ သော MORA မုန်တိုင်းကြောင့် ကျောက်ဖြူမြို့နယ်၊ သဲတန်းအုပ်စု၊ တန်းခရိုးကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး နှင့် ဆန်ရိက္ခာဖိုး (၁၂၆၀၀/-) ကျပ် တို့အား (၃၁-၅-၁၇) နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာနေ မိုးကြိုးဘေးကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာနေ ဦးမင်းထက်အောင်(ခ) ထက်ထက်(၁၉)နှစ်နှင့် နေမျိုးနိုင်(၂၂)နှစ်တို့သည် ပုသိမ်မြို့မှ ကမ်းနီကျေးရွာသို့ ပြန်စဉ် ပုသိမ်-မော်တင်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၆ နှင့် ၁၆/၇ အကြား FP-683540 ကိုင်းချောင်း တံတားအနီးတွင် မိုးရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် နေမျိုးနိုင်မှာ မိုးကြိုးထိမှန်၍ သေဆုံးခဲ့ပြီး ဦးမင်းထက်အောင်မှာ ဒဏ်ရာရရှိခဲ့သည့်အတွက် (၃၁-၅-၂၀၁၇) ရက်နေ့တွင် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃ဝဝဝဝဝ)ကျပ်နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅ဝဝဝဝ) ကျပ်၊ စုစုပေါင်း (၃၅၀၀၀၀) ကျပ်တိတိအား … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ စစ်ပင်တောင်ရပ်ကွက်၌ (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၇၀၀,၀၀၀) ကျပ်၊ အမိုးလန်အိမ်ခြေ (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၄၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၅) အိမ်ထောင်စာနှင့် လူဦးရေ (၆၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ … Read more
-
ရေနံချောင်းမြို့တွင် ချောင်းရေဖြင့် မျောပါသေဆုံးသူ၏ မိသားစုထံ ထောက်ပ့ံငွေများ ပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ သစ်တပွေရပ်ကွက်နေ မောင်မျိုးသူကို (၃၃) နှစ်သည် သစ်တပွေချောင်းအား (၂၈-၅-၂၀၁၇) ရက်နေ့တွင် ဆိုင်ကယ်ဖြင့် ဖြတ်ကူးစဉ် ချောင်းရေဖြင့် မျောပါသေဆုံးခဲ့ပါသည်။ အဆိုပါသေဆုံးခဲ့သူ၏ မိသားစုများထံသို့ ထောက်ပံ့ငွေ (၃) သိန်းကျပ်တိတိကို မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံး၌ ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)နှင့် မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို (၂၄-၅-၂၀၁၇) ရက်နေ့မှ (၂၆-၅-၂၀၁၇) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာ၌ (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးနှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်တို့အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မော်လိုက်ခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ ကင်းတပ်ကျေးရွာ၊ ညောင်ဝန်းကျေးရွာနှင့် သရက်ပင်လယ်ချောင်ကျေးရွာ တို့၌ (၂၂-၅-၂၀၁၇) ရက်နေ့မှ (၂၆-၅-၂၀၁၇) ရက်နေ့ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် ထောက်ပံ့ငွေ (၁၂၀၀၀၀/-) ကျပ်တို့အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးခန်းမ၌ (၃၁-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မဒိန်ကျေးရွာအုပ်စု၊ မဒိန် KBC တည်းခိုရေးစခန်းသို့ (၁၉-၅-၂၀၁၇) ရက်နေ့တွင်ထပ်မံရောက်ရှိလာသည့် ကန်တော်ယန်ကျေးရွာအုပ်စု၊ မလိဘွမ်ကျေးရွာမှ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂) အိမ်ထောင်စာနှင့် လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၉၀၀) ကျပ်တို့အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









