
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ သစ်တပွေရပ်ကွက်နေ မောင်မျိုးသူကို (၃၃) နှစ်သည် သစ်တပွေချောင်းအား (၂၈-၅-၂၀၁၇) ရက်နေ့တွင် ဆိုင်ကယ်ဖြင့် ဖြတ်ကူးစဉ် ချောင်းရေဖြင့် မျောပါသေဆုံးခဲ့ပါသည်။ အဆိုပါသေဆုံးခဲ့သူ၏ မိသားစုများထံသို့ ထောက်ပံ့ငွေ (၃) သိန်းကျပ်တိတိကို မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံး၌ ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)