လေဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ စစ်ပင်တောင်ရပ်ကွက်၌ (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၇၀၀,၀၀၀) ကျပ်၊ အမိုးလန်အိမ်ခြေ (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၄၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၅) အိမ်ထောင်စာနှင့် လူဦးရေ (၆၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၃၄,၄၀၀) ကျပ်တို့အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events