ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ ကျုံတနီးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

1_pic02 1_pic03
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ ကျုံတနီးကျေးရွာ၌ (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် သစ်အိမ် (၁) လုံးအတွက် Family Kit (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ အမိုးလန်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၆၈၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၅၆၈၀၀) ကျပ်တိတိအား (၃၁-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events