ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာနေ မိုးကြိုးဘေးကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

1_pic01
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာနေ  ဦးမင်းထက်အောင်(ခ) ထက်ထက်(၁၉)နှစ်နှင့် နေမျိုးနိုင်(၂၂)နှစ်တို့သည် ပုသိမ်မြို့မှ ကမ်းနီကျေးရွာသို့ ပြန်စဉ် ပုသိမ်-မော်တင်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၆ နှင့် ၁၆/၇ အကြား FP-683540 ကိုင်းချောင်း တံတားအနီးတွင် မိုးရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် နေမျိုးနိုင်မှာ မိုးကြိုးထိမှန်၍ သေဆုံးခဲ့ပြီး  ဦးမင်းထက်အောင်မှာ  ဒဏ်ရာရရှိခဲ့သည့်အတွက် (၃၁-၅-၂၀၁၇) ရက်နေ့တွင် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃ဝဝဝဝဝ)ကျပ်နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅ဝဝဝဝ) ကျပ်၊ စုစုပေါင်း (၃၅၀၀၀၀) ကျပ်တိတိအား ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများ  သည် မိုးကြိုးဘေးကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events